Saturday 29 October 2011

ခေတ်ပေါ်ဟာသ Posted by ရှင်း on September 4, 2010 at 6:32pm in ဟာသအဖွဲ

G-talk ဦးတည်ချက် ( ၄ ) ရပ်

၁။ အီစီကလီစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး
၂။ chattingကိုအခြေခံ၍ အခြားဖွန်ကြောင်ခြင်းဏ္ဍအား ဘက်စုံဖွံ့ ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
၃။ ပြည်းတွင်းပြည်ပမှ ရုပ်ရည်ရှိမိန်းကလေးများအား ဖိတ်ခေါ်၍(invite)ဆက်ဆံရေးဖွံ့ ဖြိုးတိုးတက်အောင်တည်ဆောက်ရေး
၎။ ဖြစ်ပေါ်လာသည့်ဆက်ဆံရေးနှင့်အညီ ခေတ်မှီ ရင်ခုန်ဖွယ်ကောင်းသော ဇာတ်လမ်းများ ဆက်လက်ဖန်တီးရေး
..............................
တစ်ခါက လင်မယားနှစ်ယောက် စကားအချေအတင်ပြောကြသတဲ့။ အဲ ယောက်ျား ဖြစ်သူက
computer
crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက်
အလေးမထားဘူးဆိုပြီး စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး
ဖြစ်ပါတယ်။
ကဲ... သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။

မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။ ။ Set Default

မိန်းမ။ ။ ကျွန်မကို crazy အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု
မမှတ်မိတော့ဘူးလား။
ယောက်ျား။ ။ Bad command or file name

မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။
ဒီကွန်ပျူတာ
ရှေ့မှာပဲ အချိန်ဖြုန်းနေတာပဲ။ ဒါပဲနော် နောက်တစ်ပတ်ကျရင်
ရုပ်ရှင်သွားကြည့်
ကြမယ်။
ယောက်ျား။ ။ Drive not ready

မိန်းမ။ ။ ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ ထမင်း အတူတူစားတော့
ပိုစားဝင်တာပေါ့။
ယောက်ျား။ ။ Access denied

မိန်းမ။ ။ ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက် အလျှော့
ပေးရမလားဆိုပြီး
ကျွန်မကို ဆူနေပြီ။
ယောက်ျား။ ။ Divide Over Flow

မိန်းမ။ ။ ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက်
ရှိပြီလဲဆိုတာ။
ယောက်ျား။ ။ Not enough memory



ဆေးလိပ်သောက်ခြင်းဧ။်ကောင်းကျိုးများ

ဆေးလိပ်ကြိုက်သူတွေခေါင်းစဉ်ကြည့်ပြီးအူမြူးသွားလား?

ကောင်းကျိုး(၁)
ဆေးလိပ်သောက်သူများကိုခွေးများ
ကကြောက်ကြဧ။်
ကောင်းကျိုး(၂)
ဆေးလိပ်သောက်သူများအိမ်ကိုသူခိုးမကပ်ပါ။
ကောင်းကျိုး(၃)
ဆေးလိပ်သောက်သူများသည်ဆံပင်ဘယ်တော့မှမဖြူပါ။

ရှင်းလင်းချက်(၁)
ခွေးများကြောက်ခြင်းမှာဆေးလိပ်သောက်သူသည်ငယ်ငယ်ရွယ်ရွယ်နှင့်တု တ်ထောက်လမ်းလျှောက်ရသောကြောင့်တုတ်ပါလို့ ကြောက်ခြင်းဖြစ်သည်။
ရှင်းလင်းချက်(၂)
သူခိုးမကပ်ရခြင်းမှာသူတို့ တစ်ညလုံးချောင်းဆိုးနေလို့ အိမ်ရှင်မအိပ်သေးဘူးထင်ရ်ျမကပ်ရဲခြင်းဖြစ်သည်။
ရှင်းလင်းချက်(၁)
ဆံပင်မဖြူရခြင်းမှာသူတို့ သည်ဆံပင်ဖြူသည်အထိအသက်မရှင်ကြလို့ ပါ။

No comments:

Post a Comment