Friday 23 December 2011

ပြုံးတော်မူ...၎

မျိုးလေးဝမ်း

ဒါတွေဖတ်ပြီးမပြုံးမိစေနဲ့................

ဝါသနာ (၃)
ငါးမျှားဝါသနာပါတဲ့ စိတ်ဝေဒနာရှင်တစ်ဦးက ဆေးရုံထောင့်က ရေအိုင်လေးမှာ ငါးမျှားနေတယ်။ ကြိုးကို ဟိုဘက်ဆွဲ ဒီဘက်ဆွဲ ဆော့ကြည့်လိုက်တော့ ကြိုးတင်းသွားလို့ ဆွဲတင်လိုက်တာ ဖိနပ်တစ်ဖက် ပါလာတယ်။ လူနာက ပျော်သွားပြီး ဆက်မျှားတယ် ဟိုဆွဲ ဒီဆွဲနဲ့ သုံးမိနစ်လောက်နေတော့ ကြိုးတင်းသွားလို့ ဆွဲတင်လိုက်တော့ ငါးတစ်ကောင်ပါလာတယ်။ ဒီတော့ ချိတ်ကနေဖြုတ်ပြီး ကန်ထဲ ပြန်ပစ်လိုက်တာပေါ့။ အဲဒါကို မြင်တဲ့ဝန်ထမ်းတစ်ဦးက ..
“ဟာ .. ဘာလို့ ငါးကို ပြန်လွှတ်လိုက်တာလဲ”
“ငါးတစ်ဘက် ဖိနပ်တစ်ဘက်စီးလို့မှ မရဘဲဗျ”

ဝါသနာ(၄)
လူနာက ဆရာဝန်ကို …
“ကျွန်တော့်ရဲ့ ဝါသနာက တိတိကျကျ မှတ်သားပြီး ခိုင်ခိုင်မာမာ ပြောတတ်တယ် ဆရာ။ ပြီးခဲ့တဲ့နှစ်က ရေချိုးတဲ့အချိန် မှတ်တယ်။ အိမ်သာတက်တာ မှတ်တယ်။ ဟပ်ချိုးချေတာ မှတ်တယ်”
“ဒီဆေးရုံရောက်တဲ့နေရာ မှတ်မိလား”
“မှတ်မိတာပေါ့ဆရာ။ အဲဒီနေ့က ယောက္ခမကြီးချော်လဲလို့ အော်ခံရတဲ့နေ့ပဲ”

ဝါသနာ(၅)
“ကျွန်တော့်ဝါသနာက သူများလိမ်တာကို မခံနိုင်တာပဲဆရာ။ ခုဆရာတို့ဆေးရုံရောက်ရတာလည်း သူများ အလိမ်မခံချင်လို့ ရောက်ရတာပါ”
“ဟုတ်လား ပြောပြပါဦး”
“ကျွန်တော့်ကို ခဲနဲ့ထုတဲ့ကလေးကို သူ့အမေနဲ့တိုင်မလို့ ဖမ်းခေါ်လာတာဆရာ သူ့အိမ်နားရောက်တော့မှ ဖိနပ်ကျန်နေလို့ ပြန်ယူချင်လို့ဆိုလို့ လွှတ်ပေးလိုက်တာ ပြန်မလာတော့ဘူး။ နောက်တစ်ခါထုတော့ ကျွန်တော်ထပ်ဖမ်းလာရင်း ဒီကောင်လေးလိမ်တာမခံရအောင် သတိထားလာတာ။ အရင်တစ်ခါလိုပဲ ဒီကောင်လေးက လမ်းတစ်ဝက်ရောက်တော့ သူ့ဖိနပ်ကျန်ခဲ့လို့ ပြန်ယူချင်တယ်ပြောတာပဲ။ နောက်တစ်ခေါက်တော့ သူ့အလိမ်မခံတော့ဘူး။ မင်းဒီနားကစောင့်နေ ငါသွားယူပေးမယ်ဆိုသွားယူတာ အဲဒါကို အိမ်ကလူတွေသိသွားပြီး ဒီကိုပို့လိုက်တာ ဆရာ”

ရှိတယ်
“သမီး အမေ့စကားကို နားထောင်ပါ။ ဟိုဘက်လမ်းက ဆရာဝန်ကြီး သမီးကိုသဘောကျနေတာ”
“အမေရယ် သမီးနဲ့ချစ်နေတဲ့ မန်နေဂျာလေးမှာ ဘာအပြစ်ရှိလို့လဲ”
“အပြစ်ရှိလို့တော့ မဟုတ်ဘူးပေါ့သမီးရယ် ဆရာဝန်ဆိုတော့ ကျန်းမာရေးအတွက် အားကိုးရတာပေါ့”
“သမီးမှာ ဘာရောဂါမှ မရှိပါဘူး အမေ”
“သမီးမှာမရှိပေမယ့် အမေ့မှာရှိတယ်လေ၊ သမီးရဲ့အဖေနဲ့ အဖိုးမှာလည်း ရှိတာပဲ”

အားမကိုးရသောသား

“ခင်ဗျားသား ဆရာဝန်ဆို”
“ဟုတ်ပါ့”
“ကျန်းမာရေးအတွက် အားကိုးရတာပေါ့ဗျာ”
“ကျန်းမာရေးလိုက်စားလို့ ကျန်းမာနေတာပါဗျာ၊ သားကို အားလည်းမကိုးချင်ပါဘူး၊ ဘာမှလည်း အားမကိုးရပါဘူး”
“ဟင် .. တစ်အိမ်တည်း အတူနေတာ မဟုတ်ဘူးလား”
“ဟုတ်တယ်လေ”
“သူက အားမကိုးရဘူးလား”
“ကျုပ်က ဘာမှမဖြစ်ဘူးလေဗျာ”
@mmteashop.com        ကော်ျကျော်(lamineiant@gmail.com)

 

No comments:

Post a Comment