Friday 23 December 2011

ပြုံးတော်မူ..... ၂

နှစ်ခန်းတွဲအိမ်လေးပါ….



တဖက်ခန်းမှာနေတာက..တရုတ်လင်မယား
ပါ

အဲ…တဖက်မှာကတော့ ..အညာကပြောင်းလာတဲအညာသားလင်မယားပါ……



………………..တစ်ည…………………

အညာသားလင်မယားနှစ်ယောက်..ညစာစားအပြီး ..ထမင်းလုံးစီပြီးဇိပ်ယူနေစဉ်

တစ်ဖက်ခန်းတရုတ်လင်မယားရဲ..မပီကလာဗမာလိုပြောနေသံကို..တိုးတိတ်စွာကြားလိုက်ရတာကတော့……….

တရုတ်ကြီး။။ …စွပ်ကြည့်လေ

တရုတ်မ။။။….မီရဘူး…နာလယ်

တရုတ်ကြီး။။…အာ..အားလေးနည်းနည်း ထည့်လိုက်လေ

တရုတ်မ။။။..အား…ကြပ်..လယ်

တရုတ်ကြီး။။…ဒါဆို.၀ ပြန်ချွတ်လိုက်မီလေ

တရုတ်မ။။။…အင်း..နာလယ်ဖြည်းဖြည်းချွတ်


………ဒီအသံအဆုံးမှာတော့ တစ်ဖက်ခန်းက..ကိုအညာသားဟာ..မှိန်းနေတဲ့သူ့မိန်းမမသိအောင်

ခြေဖေါ့လို့..နံရံ နားကိုကပ်ခါ
…..သေချာစွာနားထောင်ပါတော့တယ်………..ဒီလိုဆိုသေချာလောက်တယ်

ဟုမှတ်ချက်ကို..တိတ်တစိတ်ချရင်းနဲ့ပါ

…အဲဒီအချိန်မှာပဲ..တရုတ်ကြီးရဲ့အသံကိုထပ်ကြားရပါတော့တယ်….

တရုတ်ကြီး။။..၀ပြန်စွပ်ကြည့်မယ်

တရုတ်မ။။။..အာယား…နာပါလယ်ဆိုဖြေးဖြေးစွပ်

တရုတ်ကြီး။။..နည်းနည်းလောက်အီနာခံပါ..မီးမရဲ့

တရုတ်မ။။။..အား..နာလယ်မီရဘူးပြန်ချွတ်ပေး

တရုတ်ကြီး။။..အာ..မီးမတော်တော်ခက်လယ်….၀တော့သွားပါပြီး…

……………ဒီအခါမှာတော့………

ကိုအညာသားဟာလုံဝကိုသိချင်စိတ်ပြင်းပြစွာနဲ့…….လုံဝကိုသေချာပြီဆိုတဲအသိနဲ့

တစ်ဖက်ခန်းထရံကို..ခုံခုလို့ကျော်ကာချောင်းကြည်စဉ်မှာတော့

….တွေ့လိုက်ရတဲမြင်ကွင်းက………………………………………………………………………….

…………………………………..အားလားလား………………………………………………………

ကိုအညာသားဟာ…အသာလေးခုံပေါ်ကဆင်းကာ…ပက်လက်ကုလားထိုင်မှာညိမ်လို့သာထိုင်ရင်း

တွေးလျှက်ပြုံးနေပါတော့တယ်……………





..မိတ်ဆွေ…….ကိုအညာသား….ဘာကိုမြင်သွားတာပါလဲ….



တရုတ်ကြီးက..သူ့မိန်းမအတွက်ဝယ်လာတဲ့ဖိနပ်ကို..တော်မတော်စီးခိုင်းနေတာပါ

ဖိနပ်အနည်းငယ်ကြပ်ဟန်တူပါတယ်………တစ်မျိုးတော့..မတွေးလိုက်ကြပါနဲနော်



…..မိတ်ဆွေ……



…..သင်မိန်းမအတွက်ဖိနပ်ဝယ်ပေးမိရင်တိုးတိုးတိတ်တိတ်စိးခိုင်းကြပါနော်



…ဘေးလူတွေတစ်မျိုးတွေးမှာစိုးလို့….

အခြားဆိုဒ်မှာတင်ပြီးသားပေမယ့်….ရီရစေချင်လို့ဒီဆိုဒ်မှာလဲထပ်တင်ပေးလိုက်ပါတယ် လူ့စိတ်

မိခင်က သားငယ်ကိုမေးသည်။

မိခင်။ ။ "သား.. လူဖြူလေးတစ်ယောက်သေသွားတယ်၊ ကောင်းကင်ရောက်သွားတယ်၊ တောင်ပံလေးရတယ် သူ့ကိုဘယ်လိုခေါ်မလဲ?"

သား။ ။ "နတ်သားလေးပေါ့ မေမေ"

မိခင်။ ။ "လူမည်းလေးတစ်ယောက် သေသွားတယ်၊ ကောင်းကင်ရောက်သွားတယ်၊ တောင်ပံလေးရတယ် သူ့ကိုရောဘယ်လိုခေါ်မလဲ?"

သား။ ။ "လင်းနို့" ။

++++++++++++++++++++++++++++++++++++++

ဘယ်ကခေါ်လာသလဲ

အာဖရိက တိုက်သားတစ်ယောက် ကြက်တူရွေးတစ်ကောင်ကို ပုခုံးပေါ်တင်ပြီးပြန်လာသည်။ အိမ်သို့ရောက်သော ဇနီးသည်က မြင်ပြီးလှမ်းပြောသည်။

"ဟဲ့ နင်ဒီအကောင်ကို ဘယ်ကခေါ်လာသလဲ"

ထိုအခါကြက်တူရွေးက သွက်သွက်လက်လက်ဖြင့်

"အာဖရိက က ခေါ်လာတာလေ"။

++++++++++++++++++++++++++++++++++++++

အလိုက်မသိတတ်ပုံများ

ချမ်းအေးသောဆောင်းည၀ယ် လက်ထပ်ခါစ လင်မယးအိပ်ယာဝင်ကြသည်။

ယောက်ျား။ ။ "သဲရယ် အပြင်က ပြတင်းပေါက်လေး ပိတ်လိုက်ပါ အပြင်မှာ သိပ်အေးနေတယ်လေကွယ်"

မိန်းမ။ ။ "ဟင်ကိုကိုကလည်း သဲ က ဒီပြတင်းပေါက် ပိတ်လိုက်လို့လည်း အပြင်မှာ နွေးသွားမှာမှမဟုတ်တာ" ။

++++++++++++++++++++++++++++++++++++++

မောင့်ဘ၀ ၀က်အလား

အရက်အလွန်သောက်သဖြင့် အိမ်ပေါ်မှ နှင်ချခံထားရသူ တစ်ဦး အိမ်သို့ပြန်လာသည်။ အရက်လည်းသောက်လာပြီး ၀က်တစ်ကောင်ကိုလည်း ကြိုးဖြင့်ချည်ပြီးခေါ်လာသည်။ အိမ်သို့ရောက်သော်-

မိန်းမ။ ။ "ဟဲ့ အကောင် နင်က ဒီ င၀က် ကို ဘယ်ကဆွဲ ပြီး အိမ်ခေါ် လာရသလဲ"

ယောက်ျား။ ။ "ဟို မိန်းမ ဒါကလေ ဒီလိုရှိတယ် ဒါက အဲ..."

မိန်းမ။ ။ "တိတ်စမ်း နင့်ကိုမေးတာ မဟုတ်ဘူး" ။

ကျွန်တော် အဲ့စာအုပ်လေး မ၀ယ်လိုက်ရဘူး။ ဘာသာပြန်လေးတွေ တွေ့မိတာလေးတွေ ထပ်တင်ဦးမနော့။ အားလုံးပဲ ကျွန်တော့လိုဖတ်ပြီး ပြုံးစေချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။

4:23 PM နွားဈေး တခုမှာ လူရိုးလူအကြီးတယောက် နွားမကြီးတကောင်ကို ရောင်းနေတယ်။

နွားမ ကလည်း သားလည်းမပေါက် နို့လည်းမထွက်ဘူးတဲ့။

အဲလိုပြောရောင်းနေတော့ ဝယ်မဲ့သူမရှိဘူးလေ။

ခဏကြာတော့ ပွဲစားရောက်လာတယ် ပွဲစားက ကော်မရှင် ပေးရင်ရောင်းပေးမယ်တဲ့။

လူရိုးလူအကြီးကလည်း ရောင်းလေတဲ့။

ပွဲစားဆိုတော့လည်း ခဏပဲဗျ။ ရောင်းပြီးသွားတယ်လေ။

သူပြောလိုက်ပုံက နွားမက နို့လည်းပေါ သားပေါက်လည်း ကောင်းသတဲ့ဗျ။ နို့ပေါချက်ကတော့ ရောင်းလို့တောင်မကုန်ဘူးတဲ့။

လူရိုးလူအ ကြီးက သေသေချာချာ မှတ်ထားသတဲ့လေ။ အင်း တနေ့တော့ သူသမ္မီးကို တဖက်ရွာက လာတောင်းရမ်းတဲ့အချိန်မှာ ဥက္ကထ တွေ ရပ်ရွာလူကြီးတွေ အရင် သူထပြောလိုက်တာက......................................။

အင်း ဘာပြောလိုက်တတယ်မသိပါဘူးဗျာ။ ယောကျာင်္လေးဘက်က တန်းပြန်သွားသတဲ့။ ကျနော်တော့ မကြားလိုက်မိဘူး သူငယ်ချင်းကောာာ ကြားမိလား......;)))))))))))));p
4:35 PM မရှိပါ

ဆရာဝန်တစ်ဦးကစားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။
ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုးတင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။
"လိပ်ခေါင်းရှိသလား!"
ထိုအခါ စားပွဲထိုးလေးပြန်ဖြေလိုက်တာက.........
"မီနူးထဲမှာ ရှိတာပဲ မှာပါ " ဟူသတည်း.......


ပြားသွားပြီ

ပီတာက အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းကြီးမှာ
ကော်ဇောခင်းပေးနေပါတယ်။
အားလုံးပြီးစီးတဲ့ အချိန်မှာဆေးလိပ်သောက်မယ်ဆိုပြီး ကြည့်တော့သူ့ ဆေးလိပ်ဘူးကို ရှာမတွေ့တော့ပါဘူး။
ဒါနဲ့ လိုက်ရှာ ကြည့်တဲ့အခါ ကော်ဇောရဲ့အလယ်လောက်မှာ ဖုနေတာကို တွေ့လိုက်ရပါတယ်......
ကော်ဇောကို အစအဆုံးပြန် မ.ယူဖို့ မဖြစ်နိုင်တာနဲ့..... ဖုနေတဲ့နေရာကို ပြားသွားအောင် ပီတာက တူနဲ့ ထုချလိုက်ပါတယ်...
သူအလုပ်ပြီးသွားချိန်မှာ အိမ်ရှင်က ထွက်လာပြီ ပြောတာက...
" ပီတာရေ... မင်းစီးကရက်ဘူး ဒီမှာ ကျန်နေခဲ့တယ်။ ဒါနဲ့ ငါမွေးထားတဲ့.... ဟမ်းစတားလေးများ တွေ့မိသေးလား" တဲ့။


ဒီလိုပြောပါတယ်......

မူလတန်းကျောင်းတစ်ကျောင်းမှာ ဆရာမက ကျောင်းသားတွေကို စက်ပစ္စည်းတစ်ခုခု ယူခိုင်းခဲ့ပြီး အဲဒီပစ္စည်းရဲ့ အသုံးဝင်ပုံကို ရှင်းပြ ခိုင်းပါတယ်။
ကျောင်းသားတစ်ယောက်က ကက်ဆက်ကို ယူလာပြီး......
"ဒီကက်ဆက်က သီချင်းနားထောင်လို့ ရပါတယ်"....လို့ ပြောပြပါတယ်.......... နောက်တစ်ယောက်ကလဲ..........
သံဘူးတွေဖွင့်တဲ့ စက်ယူလာပြီး
"ဒါက သံဘူးတွေကို ဖွင့်တာပါလို့ "ဆိုပါတယ်........
ဒါနဲ့ ဂျွန်နီအလှည့်ရောက်တော့ လက်ထဲမှာ ဘာမှ ပါမလာတဲ့ ဂျွန်နီလေကို ဆရာမက
"ဘာမှ ပါမလာဘူးလား" ဆိုတော့......
သူက အတန်းနောက်မှာ ထားတဲ့ နှလုံးခုံစက်ကို .ယူပြပြီ......
"ဒါက နှလုံးခုံစက်ပါ...... ဆေးရုံမှာ လူနာတွေ နှလုံးကို ဆက်ပြီ အလုပ်လုပ်နိုင်အောင် ပြုလုပ်ပေးပါတယ်"လို့ ဆိုပါတယ်.....
ဆရာမကလဲ အထင်ကြီးစွာနဲ့......
"မင်းဒီစက်ယူလာတော့ မင်းအဖေက ဘာမှ မပြောဘူးလား "လို့ မေးတော့. ဂျွန်နီလေး ပြန်ဖြေတာက
"အားးးးးးးးးးးးးးးးးးးးးးးး" တဲ့........

ကဲအပျင်းပြေရဲ့လား ပြေတယ်ဆိုနောက်လည်းထပ်တင်ပေးသွားမယ်................:p

တွေးပြီးရယ်



(၁)
"ဟလို.. FBI ကလားခင်ဗျား"

"ဟုတ်ကဲ့.. အမိန့်ရှိပါ"

"တွမ်တစ်ယောက် ထင်းထဲမှာ ဆေးခြောက်တွေ ဖွက်ထားကြောင်း သတင်းပေးချင်လို့ပါ"

"လိပ်စာပေးခဲ့ပါ။ ကျွန်တော်တို့ သွားရောက်စစ်ဆေးပါမယ်"

နောက်တစ်နေ့မှာ တွမ်တို့အိမ်ကို စစ်ဆေးရေးသမားတွေ သွားရောက်ခဲ့တယ်။ ထင်းထားတဲ့နေရာကို စစ်ဆေးပြီး ထင်းတွေအားလုံး ခွဲစစ်ခဲ့ပေမယ့် ဆေးခြောက်တွေ မတွေ့ခဲ့ဘူး။ တွမ်ကို ပြောဆိုဆုံးမပြီး စစ်ဆေးရေးသမားတွေ ထွက်ခွာသွားခဲ့ကြတယ်။

တအောင့်နေတော့ တွမ်ရဲ့ တယ်လီဖုန်းမြည်လာခဲ့တယ်။

"ဟေး... တွမ်.. FBI ကလူတွေ မင်းထင်းတွေ ခွဲပစ်လိုက်ပြီလား"

"ခွဲပြီးပြီ"

"ဒါဆိုရင် မင်းဖုန်းဆက်အလှည့်.. ငါ့အိမ်ရှေ့က မြေတွေလှန်ချင်လို့ကွ"

(၂)
သေနတ်နဲ့ အဆုံးစီရင်တော့မယ့် လူတစ်ယောက်ကို တရားသူကြီးက

"မင်းရဲ့ နောက်ဆုံးဆန္ဒကို ပြောပါ" မေးလိုက်တယ်။ အကျဉ်းသား ပြန်ဖြေလိုက်တာက

"ကျည်ကာအင်္ကျီဝတ်ချင်တယ်" ဟူတည်း။

(၃)
အမေရိကန် အာကာသစခန်းတစ်နေရာမှာ ဖြစ်ပါတယ်။ ဗီနပ်ဂြိုလ်ဆီသွားကြမယ့် လူတွေကို လူတွေ့စစ်ဆေးခဲ့ကြတယ်။ ဗီနပ်ဂြိုလ်သွားမယ့်လူက တစ်ယောက်ထဲဖြစ်ပြီး သွားပြီးနောက် ကမ္ဘာမြေဆီပြန်လာလို့ မရတော့ပါဘူး။

ပထမဦးဆုံး အမေရိကန်က အင်ဂျင်နီယာတစ်ဦးကို လူတွေ့စစ်ဆေးခဲ့တယ်။ လိုချင်တဲ့ ဆုကြေးငွေမေးတဲ့အချိန်မှာ သူက "ဒေါ်လာ၁ဝသိန်း လိုချင်ပါတယ်။ ဒီငွေတွေကို ကျွန်တော်ရဲ့ မိခင်ကျောင်းအတွက် ကျွန်တော်လှူဒါန်းခဲ့ပါမယ်"

ဒုတိယတစ်ယောက်က အင်္ဂလန်က ဆရာဝန်ဖြစ်တယ်။

"ဒေါ်လာ သိန်း၂ဝ လိုချင်ပါတယ်။ တစ်ဝက်ကို ကျွန်တော့်မိသားစုအတွက် ချန်ထားပြီး တစ်ဝက်ကို ဆေးတက္ကသိုလ်အတွက် လှူခဲ့ချင်ပါတယ်"

တတိယတစ်ယောက်က xxxx နိုင်ငံက ကျောင်းသားဖြစ်ပါတယ်။

"ဒေါ်လာ သိန်း ၃ဝလိုချင်ပါတယ်"

တစ်ခြားလူထက် ပိုယူတဲ့ကျောင်းသားကို တွေ့ဆုံသူတွေက ဘာကြောင့်ပိုယူသလဲလို့ မေးတော့ ကျောင်းသားက

"ကျွန်တော့်ကို သိန်း၃ဝပေးခဲ့ရင် ခင်ဗျားကို ၁ဝသိန်းပေးမယ်၊ ကျွန်တော် ၁ဝသိန်းယူမယ်။ ကျန် ၁ဝသိန်းကို အမေရိကန် အင်ဂျင်နီယာကိုပေးပြီး ဂြိုလ်ပေါ်တက်ခိုင်းလိုက်မယ်"

youthwant ဖတ်ရတဲ့ ဟာသတွေဖြစ်ပါတယ်။
 

 

တွေးတွေးပြီးရယ်


(၁)

လူတစ်ယောက်က ဆေးရုံသွားပြီး ညညအိပ်မရတဲ့အကြောင်း ဆရာဝန်ကို ဆွေးနွေးတိုင်ပင်တယ်။ ဆရာဝန်က ညအိပ်တဲ့အချိန် အိပ်ပျော်နိုင်ဖို့ တစ်ခုခုကို တတွတ်တွတ်ရွတ်ဆိုပြီးအိပ်ဖို့ အကြံပေးလိုက်တယ်။ ဒါပေမယ့် အရာမရောက်ခဲ့ဘဲ နောက်တစ်နေ့ မနက်မှာ ဆရာဝန်ဆီ သူပြန်ရောက်လာခဲ့တယ်။

ဒီတစ်ခါ ဆရာဝန်က သူ့ကိုနောက်အကြံတစ်ခု ပေးလိုက်တယ်။ ညရောက်တာနဲ့ အဲဒီလူက "ခြေညိုးတွေအိပ်ပါ... ခြေသလုံးအိပ်ပါ... ဒူးခေါင်းအိပ်ပါ..." နဲ့ မျက်စိအထိ သူ့ခန္ဓာကိုယ်အားလုံးကို တဖြေးဖြေး အိပ်မွေ့ချနေခဲ့တယ်။ အိပ်ပျော်ခါနီးမှာ ဝတ်လစ်စလစ်နဲ့ ညဝတ်အင်္ကျီဝတ်ပြီး ဝင်လာတဲ့မိန်းမကို တွေ့တော့ အဲဒီလူက သူခန္ဓာကိုယ်ကို ပုတ်ပြီး ပြောလိုက်တယ်။

"ထ.. ထ.. အားလုံး.. ထကြ" ဟူတည်း။

(၂)
သေသွားတဲ့ လူသုံးယောက်ကို ယမမင်းက ဘယ်လိုသေခဲ့ကြသလဲလို့ မေးတယ်။

ပထမတစ်ယောက်
အဲဒီနေ့က ကျွန်တော်အိပ်ရာထနောက်ကျလို့ အဝတ်အစား သပ်သပ်ရပ်ရပ် မဝတ်သေးဘဲ ကပျာကယာ အိမ်ပေါ်ထပ်က ပြေးဆင်းခဲ့တယ်။ တက္ကစီတစ်စီး လှမ်းတားလိုက်ချိန် အပေါ်ထပ်ကနေ အဝတ်ဘီရိုတစ်လုံး ပြုတ်ကျလာတယ်။ အဲဒီမှာ ကျွန်တော်သေသွားခဲ့တယ်။

ဒုတိယတစ်ယောက်
အဲဒီနေ့က ကျွန်တော်ခရီးကနေ အချိန်စောပြီးပြန်လာခဲ့တယ်။ ကျွန်တော်ပြန်လာတာကို အံ့သြဝမ်းသာအောင်ဆိုပြီး ကျွန်တော့်မိန်းမကို ကျွန်တော်ကြိုမပြောခဲ့ဘူး။ အိမ်ရောက်တော့ အိပ်ခန်းထဲကနေ ယောက်ျားအသံတစ်သံကြားလို့ အခန်းထဲ ကျွန်တော်ပြေးဝင်သွားတယ်။ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တော့ အဝတ်အစား မသပ်မရပ်နဲ့ ယောက်ျားတစ်ယောက်ကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ကျွန်တော်လည်း စိတ်တိုတိုနဲ့ အဝတ်ဘီရိုယူပြီး အဲဒီလူပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ်။

တတိယတစ်ယောက်
ကျွန်တော်က အပြစ်မဲ့ပါ။ အသစ်တွေ့တဲ့ ကောင်မလေးနဲ့ ကျွန်တော်ကြည်နူးနေတုန်း သူ့ယောက်ျား ပြန်ရောက်လာခဲ့တယ်။ ရုတ်တရက်မို့ ကြံရာမရတာနဲ့ အဝတ်ဘီရိုထဲ ကျွန်တော်ဝင်ပုန်းနေခဲ့တယ်။ အဲဒီမှာ "ဝုန်း" ဆိုတဲ့အသံနဲ့အတူ ကျွန်တော်သေသွားခဲ့တာပါပဲ။

ရယ်ချင်သူများအတွက် အင်တာနက်ပေါ်က ဟာသများကို ဘာသာပြန်ဝေမျှသည်။



 

တွေးတွေးပြီးရယ်


(၁)

ဆရာဝန်တစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။ ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး တင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။

"လိပ်ခေါင်းရှိသလား!"

ဆရာဝန်စကားကို စားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ" ဟူတည်း။

(၂)
လမိုက်ည တစ်ညမှာ သူခိုးတစ်ယောက် ဘဏ်တစ်ခုထဲဝင်ပြီး ပစ္စည်းခိုးဖို့ ကြံရွယ်ခဲ့တယ်။ သူခိုးက ဘဏ်ထဲမှာရှိတဲ့ အာမခံသေတ္တာတွေကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ခဲ့တယ်။ ပထမသေတ္တာကို ဖွင့်ကြည့်တော့ ဘာအဖိုးတန်ပစ္စည်းမှာ မတွေ့ဘဲ ဂျယ်လီထုပ်တွေပဲ တွေ့ခဲ့တယ်။ နောက်သေတ္တာတစ်ခုကို ဖွင့်ကြည့်တော့လည်း ဘာမှမတွေ့ဘဲ ဂျယ်လီထုပ်ပဲတွေ့ခဲ့တယ်။ သူခိုးကစိတ်တိုပြီး ဂျယ်လီထုပ်တွေကို စားပစ်လိုက်တယ်။

နောက်တစ်နေ့မနက်မှာ သူခိုးက အိပ်ရာစောစောထပြီး ညက သူလုပ်ခဲ့တဲ့ လုပ်ရပ်ကိုသိချင်လို့ သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်တယ်။ သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ စာလုံးကြီးနဲ့ ရေးထားတာကိုဖတ်ပြီး သူခိုးမေ့လဲသွားခဲ့တယ်။ သတင်းစာပေါ် ရေးထားတာက...

"ရူးသွပ်နေသော သူခိုးတစ်ယောက် သုတ်လှူဘဏ်တစ်ခုကို ညက ဝင်ရောက်ခိုးခဲ့သည်"

(၃)
တရားသူကြီးက သက်သေထွက်ဆိုမယ့်သူကို မှာတယ်။

"တရားရုံးမှာ စစ်ဆေးမေးမြန်းတဲ့အချိန် မလိမ်ညာရဘူး။ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်တာကိုပဲ ပြောရမယ်။ တစ်ခြားလူပြောတာကို မပြောရဘူး။ နားလည်လား!"

"ဟုတ်ကဲ့.. နားလည်ပါတယ်"

"ကောင်းပြီ... မောင်ရင်ရဲ့ မွေးနေ့နဲ့ မွေးဖွားရာဇာတိကို အရင်ပြောပါ"

"တရားသူကြီးမင်း.. ဒါကို ကျွန်တော်ပြောလို့မဖြစ်ဘူး။ အဲဒီတွေကို ကျွန်တော့်အမေကတစ်ဆင့် ကျွန်တော်သိခဲ့ရတာမို့ပါ"

(၄)
ရုပ်အရမ်းဆင်တဲ့ အမွှာညီအစ်ကိုနှစ်ဦးရှိတယ်။ အစ်ကိုဖြစ်သူမှာ လှေအိုတစ်စီးရှိပြီး ညီဖြစ်သူမှာ ရောဂါထူတဲ့ မိန်းမတစ်ဦးရှိတယ်။ တစ်နှစ်မှာ ညီအစ်ကိုနှစ်ဦးစလုံး ကံမကောင်းခဲ့ဘူး။ အစ်ကိုရဲ့ လှေမြှုပ်သွားခဲ့သလို ညီရဲ့မိန်းမလည်း ဆုံးခဲ့ရတယ်။

တစ်နေ့မှာ အစ်ကိုဖြစ်သူက လမ်းမှာ မိတ်ဆွေတစ်ဦးနဲ့ဆုံခဲ့တယ်။ မိတ်ဆွေက သူ့ကို "ညီ"လို့ထင်မှတ်ပြီး "ကျွန်တော် စိတ်မကောင်းဘူးဗျာ" (မိန်းမဆုံးသွားတာကို ရည်ညွှန်းပြီးပြောတာ ဖြစ်တယ်)

ဒါကို အစ်ကိုက သူ့လှေမြှုပ်သွားတာကို ပြောတယ်ထင်ပြီး "ဟုတ်တယ်ဗျာ.. ကျွန်တော်အစတည်းက သိတယ်။ သူက ရှေ့ကွဲတဲ့အပြင် နောက်မှာလည်း အပေါက်တစ်ပေါက်ပါသေးတယ်။ အပေါက်ကနေ ရေတွေပန်းပန်းထုတ်တာ အဆိုးဆုံးပဲ။ ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် အကြာကြီး ငှားသွားသေးတယ်။ ဒါကြောင့်ခုလို ဖြစ်သွားရတာ"

ဆဲဆိုပုတ်ခတ်တဲ့သူ မရှိရင် နည်းနည်းညစ်တဲ့ ဟာသလေးတစ်ခု ပြောပြချင်ပါတယ်.. ရယ်ရလို့ပါ :X

(၅)
တစ်နေ့မှာ ရှင်ဘုရင်တစ်ပါး တိုင်းခန်းလှည့်လှည်ဖို့ ပြင်ဆင်တော့ လှပချောမောပြီး၊ ကာမဂုဏ်ကြီးတဲ့ မိဖုရားကို စိတ်မချဖြစ်နေခဲ့တယ်။ မှူးမတ်တွေနဲ့ မိဖုရားလျှောက်မလုပ်အောင် မိဖုရားရဲ့ private နေရာမှာ အထူးစီမံထားတဲ့ ညှပ်တစ်ခု ထည့်ထားလိုက်တယ်။ အဲဒီညှပ်က အရာဝတ္ထုကို ပြတ်အောင်ညှပ်နိုင်တဲ့ ညှပ်ဖြစ်တယ်။ ဒီလိုနဲ့ရှင်ဘုရင် စိတ်ချလက်ချ တိုင်းခန်းလှည့်လည်ခဲ့တယ်။

တစ်ပတ်အကြာ တိုင်းခန်းလှည့်လည်ရာက ပြန်လာပြီးနောက် မှူးမတ်တွေကိုခေါ်ပြီး ဘုရင်ကြီးစစ်ဆေးခဲ့တယ်။ မှူးမတ်အားလုံးကို အဝတ်ချွတ်ပြီး ဘုရင်ကြီးစစ်ဆေးခဲ့တယ်။ မှူးမတ်တိုင်းရဲ့ private နေရာက ပြတ်နေတာကို တွေ့လိုက်တယ်။ နောက်ဆုံးကျန်တဲ့ မှူးမတ်တစ်ယောက်တည်း အကောင်းပကတိ ဖြစ်တာကိုတွေ့တော့ ရှင်ဘုရင်က သစ္စာရှိတဲ့မှူးမတ်၊ ယုံကြည်ရတဲ့မှူးမတ်ဆိုပြီး ဆုချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ မှူးမတ်ကို အလိုရှိရာတောင်းဆိုဖို့ ဘုရင်က ပြောပေမယ့် မှူးမတ်က ဘာမှမပြောခဲ့ဘူး။ နောက်ဆုံး ဘာဖြစ်လို့ မတောင်းဆိုတာလဲလို့ ဘုရင်က စိတ်မရှည်စွာနဲ့မေးမှ မှူးမတ်က စကားပြောဖို့ ပါးစပ်ဟလိုက်တယ်။ ဒါပေမယ့် မှူးမတ်ပါးစပ်ထဲကလျှာ တစ်ဝက်ပြတ်နေတာကို ဘုရင်ကြီးတွေ့လိုက်တယ်။


 

  

 

အင်တာနက်ပေါ်က ဟာသ



၁)

တစ်ညနေမှာ မိသားစုတစ်စု ထမင်းဝိုင်းဖွဲ့စားနေခဲ့တယ်။ ထမင်းဝိုင်းမှာ သားက ဝက်အူချောင်းကြော်ကို လက်ညှိုးထိုးပြီး
"နိုင်ငံခြားမှာ စက်တစ်မျိုးထီထွင်လိုက်ပြီလို့ သိရတယ်။ အဲဒီစက်က ဘယ်လောက်ထိ ခေတ်မီသလဲဆို ဒီဖက်ကနေ ဝက်အရှင်တစ်ကောင် ထည့်လိုက်ရင် စက်ဟိုဖက်မှာ ဝက်အူချောင်းတွေ ထွက်ကျလာရောတဲ့... တကယ်လို့ ဒီဖက်ကနေ ဝက်အူချောင်းထည့်လိုက်လို့ ဟိုဖက်ကဝက်အရှင် ပြန်ထွက်လာရင် ပိုမိုက်မယ်လို့ သားထင်တယ်"

အဲဒီမှာ အဖေဖြစ်သူက ဝင်ဟန့်လိုက်တယ်။

"ဒါဘာများဆန်းသလဲ! နင့်အမေက ရယ်ဒီမိတ်စက်ပဲလေ။ ငါဒီဖက်ကနေ ဝက်အူချောင်းထည့်လိုက်တာ ငတုံးငအ ဝက်တစ်ကောင် မင်းထွက်လာခဲ့ပြီမဟုတ်လား"

၂)

စိတ္တဇအထူးကု ဆေးရုံမှာ ဆော့ဝဲလ်အင်ဂျင်နီယာသုံးဦး ရောက်နေခဲ့တယ်။ အဲဒီအင်ဂျင်နီယာတွေက
ကွန်ပြူတာနဲ့ နေ့ရောညပါ အလုပ်လုပ်ခဲ့ရလို့ စိတ်ကယောင်ကချားဖြစ်ပြီး နောက်ဆုံးမှာ စိတ်မနှံ့တဲ့အဆင့်ကို ရောက်သွားခဲ့လို့ ဆေးရုံရောက်လာတာဖြစ်တယ်။

တစ်နေ့မှာ ဆရာဝန်က လူနာတွေကို လှည့်လည်စစ်ဆေးတော့ လေယာဉ်မှူးအင်္ကျီဝတ်ထားတဲ့ အင်ဂျင်နီယာလူနာကို တွေ့လိုက်တယ်။

"မင်း ဘယ်သူလဲ?"

"ကျွန်တော်လေယာဉ်မှူးပါ" အင်ဂျင်နီယာက ဖြေပြီး ကွန်ပြူတာရှေ့မှာ ပျံတဲ့အပြုအမှုမျိုး သွားလုပ်နေခဲ့တယ်။

ဆရာဝန်ကဆက်ပြီး အဝတ်ကြောင်ကြောင်ကျားကျား ဝတ်ထားတဲ့ အင်ဂျင်နီယာကို တွေ့ပြန်တယ်။

"မင်း ဘယ်သူလဲ?"

"ကျွန်တော် မော်ဒယ်ပါ" အင်ဂျင်နီယာက သူ့နေရာသွားပြီး အမှုအရာအမျိုးမျိုး လုပ်နေခဲ့တယ်။

ဆရာဝန်က ဝတ်စုံဖြူဝတ်ပြီး၊ မုတ်ဆိတ်ရိုက်ဓား ကိုင်ထားတဲ့ နောက်ဆုံးအင်ဂျင်နီယာကို တွေ့လို့မေးလိုက်ပြန်တယ်။

"မင်း ဘယ်သူလဲ?"

"ရှူး... တိုးတိုး... ကျွန်တော်လက်တွေ့ခွဲစိတ်နေတဲ့ အကောင်ကို မလန့်မိစေနဲ့" လူနာက ပြောပြောဆိုဆို လှောင်ထားတဲ့ မောက့်စ်(mouse) ဂရုတစိုက်ထုတ်လာခဲ့တယ်။

၃)

သားက ညတိုင်း မေမေနဲ့အိပ်တော့ မေမေက
"သား ကြီးလာလို့ မိန်းမယူရင်ကော မေမေနဲ့ပဲအိပ်မလား!"

"မေမေနဲ့ပဲ အိပ်မှာပေါ့"

"ဒီလိုဆိုရင် မေမေ့ချွေးမ ဘယ်လိုလုပ်မလဲ"

"ဖေဖေနဲ့ အိပ်ခိုင်းလိုက်မယ်"

ဖေဖေက သားစကားကို ဝင်ထောက်တယ် "အင်း.. ဒီကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ သိတတ်လိုက်တာ"

အငယ်ကောင်နဲ့ lunn က ရယ်ပါရစေဆိုတာနဲ့ အင်တာနက်ပေါ်မှာ ရှာပြီးရေးလိုက်တယ်။ မရယ်ရရင် ဆောရီးပါလို့.. ရုံးပိတ်ရက်မှ သေချာရှာဖတ်ပြီး ရယ်ရတာတွေ တင်ပေးမယ်း)

 

တွေးတွေးပြီးရယ်



အင်္ဂလန်တွေပြောတဲ့ စကောတလန်နဲ့အိုင်ယာလန်လူမျိုးတို့ရဲ့ဟာသ

၁) အိုင်ယာလန်တစ်ဦးက ခရီးသွားကုမ္ပဏီတစ်ခုကို ဖုန်းလှမ်းဆက်တယ်

ကျွန်တော်လေယာဉ်နဲ့ အင်္ဂလန်သွားမလို့ပါ။ လေယာဉ်ဘယ်လောက်ကြာစီးရမလဲ?

ကုမ္ပဏီဝန်ထမ်းက လေယာဉ်ခရီးစဉ်ဇယားမှာ စစ်ဆေးဖို့ ခဏစောင့်ပါ Just a second Mr.လို့ ပြောလိုက်တယ်။ ဒါကို အိုင်ယာလန်သားက ၀မ်းသာအားရ ကျေးဇူးပဲလို့ပြောပြီး ဖုန်းချသွားခဲ့တယ်။

၂) စကောတလန်တစ်ဦး အင်္ဂလန်က ပြန်လာခဲ့တယ်။ အိမ်သားတွေက အင်္ဂလန် ဘယ်လိုနေလဲလို့မေးတော့ သူက...

မကောင်းဘူး.. အင်္ဂလန်လူမျိုးတွေ သိပ်ထူးဆန်းတယ်။ သူတို့ကအရူးလို့ပဲ.. ကျွန်တော်တည်းတဲ့ အခန်းနံရံကို တစ်ညလုံး လာရိုက်ပုတ်နေတယ်

အဲဒီအချိန်မှာ ခင်ဗျားဘာလုပ်နေတာလဲ?

ကျွန်တော်ဘာမှ မလုပ်ဘူး။ တစ်ညလုံး ပုလွေထိုင်မှုတ်နေတယ်

၃) အိုင်ယာလန်တစ်ဦးက အင်္ဂလန်ကို အလည်အပတ်သွားခဲ့တယ်။ အဆင့်မြင့်ဟိုတယ်တစ်ခုမှာ တည်းဖို့စီစဉ်ခဲ့တယ်။ အားလုံးစီစဉ်ပြီး ဟိုတယ်ဝန်ထမ်းက တည်းခိုမယ့်အခန်းကို လိုက်ပြခဲ့တယ်။ အဲဒီမှာ အိုင်ယာလန်သား ဒေါသတကြီး အော်ဟစ်တော့တယ်။

ဘာဖြစ်လို့ ကျွန်တော့်ကို ဒီလိုအခန်းကျဉ်းထဲမှာ တည်းခိုင်းရတာလဲ? အိုင်ယာလန်က လာတယ်ဆိုပြီး အထင်သေးနေတာလား?

ဟာ.. မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. ကျွန်တော်အထင်မသေးပါဘူး။ ဒါ ဓာတ်လှေကားပါ

ဟိုတယ်ဝန်ထမ်းက အမြန်ရှင်းပြရရှာတယ်။


က) မီးသတ်ရဲဘော်.... ဘယ်မှာမီးလောင်တာလဲ
အကြောင်းကြားသူ.... ကျွန်တော့်အိမ်မှာပါ
မီးသတ်ရဲဘော်...... ဘယ်နေရာမှာလဲလို့ မေးတာ
အကြောင်းကြားသူ.... မီးဖိုဆောင်မှာပါ
မီးသတ်ရဲဘော်.... အဲဒီနေရာကို ဘယ်လိုလာရမလဲလို့ မေးတာ
အကြောင်းကြားသူ..... ဟာ... ခင်ဗျားတို့ဆီမှာ မီးသတ်ကားရှိနေတာပဲ

ခ) သူခိုးတစ်ယောက်က ကြက်တစ်ကောင်ခိုးပြီး ချောင်းဘေးမှာ အမွေးနုတ်နေခဲ့တယ်။ အဲဒီအချိန်မှာ ရဲသားတစ်ဦးလာတာတွေ့တာနဲ့ ကြက်ကို ချောင်းထဲပစ်ချလိုက်တယ်။

ရဲသား.... ခင်ဗျားဘာလုပ်နေတာလဲ ချောင်းထဲကဘာလဲ ဒီအမွေးတွေကဘာလဲ..

သူခိုး... ကြက်တစ်ကောင်ပါ။ ဟိုဖက်ကမ်းကို ကူးမယ်ဆိုလို့ သူ့အင်္ကျီကို ကျွန်တော်စောင့်ပေးနေတာပါ။

www.netbirds.com က သတင်းစာမှာ ဖတ်မိတာလေးပါ.. ပြန်လည်မျှဝေပါတယ်။

 

 

အားရပါးရ ရယ်ရအောင်



စိတ္တဇဆေးရုံမှာ ဖြစ်ပါတယ်.....

၁)

တစ်နေ့မှာ ရုတ်တရက် မိုးရွာချလာလို့ စိတ္တဇဝေဒနာသည်တွေအားလုံး အင်္ကျီ၊ ဇလုံတွေ ယူပြီး မိုးရေဆင်းချိုးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က ရေမဆင်းချိုးဘဲ ဝရန်တာမှာ ရန်နေတာတွေ့လို့ ဆရာဝန်က "ခင်ဗျားဘာဖြစ်လို့ သူတို့နဲ့အတူ ရေမဆင်းချိုးတာလဲ" လို့ မေးလိုက်တယ်။ လူနာပြန်ဖြေလိုက်တာက...

"ကျွန်တော် ရေနွေးတဲ့အထိ စောင့်နေတာပါ" ဟူတည်း။

၂)

ဆရာဝန်က စိတ္တဇဝေဒနာသည်တွေ စိတ်အခြေအနေ တိုးတက်မှု ရှိမရှိ စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ဆရာဝန်က နံရံတစ်ခုပေါ် တံခါးပေါက်ပုံဆွဲပြီး လူနာတွေကို "ဒီတံခါးပေါက် ဖွင့်နိုင်တဲ့သူကို ဒီအခန်းက လွတ်ပေးမယ်" လို့ ပြောပြီး စမ်းသပ်လိုက်တယ်။ ဆရာဝန်စကားကြားတာနဲ့ ရှိသမျှ လူတွေအားလုံး တံခါးပေါက်ကို ပြေးဖွင့်ကြတယ်။ ဒါပေမယ့် လူတစ်ယောက်က နေရာမှာတင် ထိုင်နေခဲ့လို့ ဆရာဝန်က သူ့စိတ်တိုးတက်မှုရှိပြီ ထင်ပြီး မေးလိုက်တယ်။

"ခင်ဗျား ဘာဖြစ်လို့ သူတို့လို တံခါးသွားမဖွင့်တာလဲ"

လူနာက ဆရာဝန်ကို တစ်ချက်စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ်။

"အဲဒီတံခါးသော့က ကျွန်တော့်ဆီမှာဗျ..."

၃)

ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။ သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ "ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။

သူပြန်ဖြေလိုက်တာက "ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့" ဟူတည်း။

၎)

 "အကြောင်းရင်း"

နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက် တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။ ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ စနစ်တကျ လေ့လာတယ်။ မှတ်သားတယ်။ မေးမြန်းတယ်။

တစ်နေ့မှာတော့.....

မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့ နို့စားနွားမတွေ လွှတ်ကျောင်းထားတာကို ကြည့်ပြီး...

"ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?"

"တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ"

"ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို လိုက်ဝှေ့နေတာလဲ" စသည်ဖြင့် လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။ ပါမောက္ခက လယ်သမားကို အံ့သြတကြီး ကြည့်ပြီး....

"ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား" လို့ မေးလိုက်တယ်။

"မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ"

"တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး"

ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့် ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။

မိန်းမကြီး ပြောတာက ဒီလိုလေ...

"ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ"

  အဆုံးအထိ ရယ်ပါ
၁)

ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး "အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း" လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။


ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ "သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!" အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက "ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပစ်ရမယ်" ဆိုပြီး ရယ်နေခဲ့တယ်။ သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက "အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ" လို့ မေးတော့ အဘိုးအိုက "တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ" လို့ ပြောလိုက်တယ်။ အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက "ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်" လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။ တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ "ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ" ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး "တောက်... သံတိုသံစလေး ကောက်တာတောင် ဒီလောက် အပင်ပန်းခံရတယ်ကွာ" လို့ အော်ဆဲလိုက်တော့တယ်။

၂)လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးမကြာဘူး ယောက်ျားဖြစ်သူက အိမ်မွေးကြောင်နဲ့ ဆော့ကစားနေခဲ့တယ်။ ဒါကို မိန်းမကမြင်တော့ "နင်ဘာလို့ အဲဒီဝက်နဲ့ ကစားနေတာလဲ" လို့ ငေါက်လိုက်တယ်။

အငေါက်ခံရတဲ့ ယောက်ျားက ကြောင်ကိုလက်ညှိုးထိုးပြီး "ဒါဝက်မဟုတ်ဘူး.. ကြောင်ကွ.. ကြောင်" လို့ ပြန်အော်လိုက်တယ်။

အဲဒီအခါမှာ မိန်းမက ယောက်ျားကို "နင့်ကို ငါမေးနေတာ မဟုတ်ဘူး။ ငါ အဲဒီကြောင်ကို မေးနေတာ" လို့ ပြန်အော်လိုက်တယ်။

၃)

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးနောက် ရှေ့နေဆီသွားပြီး ကွာရှင်းဖို့ ပြင်ကြတယ်။ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာကို တစ်ယောက်တစ်ဝက်ဆီ ခွဲဝေကြတော့ မိန်းမဖြစ်သူက မကျေမနပ်နဲ့ "ကျွန်မစုထားတဲ့ ကိုယ်ပိုင်ငွေ တစ်သောင်းကိုလည်း တစ်ဝက်ခွဲရမှာလား" လို့ မေးတယ်။ ရှေ့နေ ခေါင်းညိတ်ပြလိုက်တယ်။ မိန်းမကဆက်ပြီး "ဒါဆို ဒီကလေးသုံးယောက်ကို ဘယ်လိုခွဲမလဲ"လို့ မေးလိုက်တယ်။ ရှေ့နေခေါင်းကုတ်ပြီး စဉ်းစားတယ်။ အကြာကြီးစဉ်းစားလဲ သင့်တော်တဲ့အဖြေ မရခဲ့ဘူး။ နောက်ဆုံးမှာ ရှေ့နေက "ခင်ဗျားတို့ အိမ်ပြန်ပါ။ ကလေး၎ယောက်ရမှ ပြန်လာခဲ့ပါ။ အဲဒီအချိန်ကျမှ ကွာရှင်းဖို ကျွန်တော်ဆုံးဖြတ်ပေးမယ်" လို့ ပြောလိုက်တယ်။
အရက်မခိုးရ
ပွဲတော်ည မတိုင်ခင်တစ်ညမှာ လူတစ်ယောက်က အရက်အိုးတစ်လုံးကို အိမ်ရှေ့မှာ ချထားခဲ့တယ်။ ဒုတိယမနက်မှာ အိုးထဲကအရက်တွေ ၄ပုံ၁ပုံ လျှော့နေတာကို သူတွေ့တော့ "အရက်မခိုးရ" ဆိုတဲ့ စာတန်းကို အိုးပေါ်မှာ ရေးကပ်ထားလိုက်တယ်။ တတိယမနက်မှာ အရက်တွေ လျှော့နေတာကို သူတွေ့လိုက်ပြန်တယ်။ ဒီတစ်ခေါက်တော့ "အရက်ခိုးသူ အပြစ်ယူမည်" ဆိုပြီး ရေးကပ်လိုက်ပြန်တယ်။ ဒါပေမယ့် အရက်က အခိုးခံရမြဲ အခိုးခံနေရတယ်။

ဒီအဖြစ်အပျက်ကို မိတ်ဆွေတစ်ဦးက သိတော့ "ခင်ဗျား တုံးလိုက်တာဗျာ.. အိုးပေါ်မှာ သေးအိုးဆိုပြီး ရေးကပ်ထားရင် ဘယ်သူမှ ခိုးတော့မှာမဟုတ်ဘူး" လို့ အကြံပေးလိုက်တယ်။ အကြံအတိုင်း အရက်အိုးပေါ်မှာ သေးအိုးလို့ သူ ရေးကပ်ထားလိုက်တယ်။ နောက်တစ်နေ့မနက်မှာ အရက်အိုးကြီး ပြည့်နေတာကို သူတွေ့တော့ ဒေါသတွေ ထွက်ပြီး "အရက်မခိုးရ" လို့ ရေးကပ်လိုက်ပြန်တယ်။ နောက်တစ်ရက်မှာ လူတွေအားလုံး ဒေါသထွက်ကြတော့တယ်။
တွေးတွေးပြီး ရယ်


ဆေးပညာ အလွန်တိုးတက်တဲ့ခေတ်မှာ သေဆုံးသူရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ခွဲစိပ်ပြီး သိမ်းထားနိုင်သလို အဲဒီ အစိတ်အပိုင်းတွေကို လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့လူတွေအတွက် ပြောင်းရွေ့ ကုသပေးလို့ရတယ်။ ကားပြင်ဆိုင်က ကားပစ္စည်းအဟောင်းတွေလို လိုချင်တဲ့ တံဆိပ်၊ အရွယ်အစားကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတယ်။

တစ်နေရာမှာ ဦးနှောက်အဟောင်း ရောင်းဆိုင်တစ်ဆိုင်ရှိတယ်။ ဆိုင်မှာ မတူတဲ့လူတန်းစား၊ မတူတဲ့ အဆင့်အတန်းက လူတွေရဲ့ ဦးနှောက်ကို ရောင်းတယ်။ အတန်းစား မတူတဲ့အတွက် ရောင်းဈေးကလည်း အမျိုးမျိုးရှိတယ်။
ရိုးရိုးသာမန်လူရဲ့ ဦးနှောက်က၂သောင်း
ဆရာဝန်၊ အင်ဂျင်နီယာတွေရဲ့ ဦးနှောက်က ၃သောင်း
 
သိပ္ပံပညာရှင်၊ စီးပွါးပညာရှင်တွေရဲ့ ဦးနှောက်က ၅သောင်း ... အစရှိသလို
နောက်လူတစ်မျိုးရဲ့ ဦးနှောက်က အထူးဈေး ၁သိန်းအထိ ရောင်းဈေးရှိသတဲ့။

ဈေးအကြီးဆုံး ဦးနှောက်ကို ဦးနှောက်ဝယ်သူ တစ်ဦးက "ဘာလူမျိုးရဲ့ ဦးနှောက်မို့လို့ အဟောင်းဈေးတောင် ဒီလောက်ရှိရသလဲ"လို့ မေးခဲ့တယ်။

ဆိုင်ရှင်က "ဒီဦးနှောက်က နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့ ဦးနှောက်ဖြစ်လို့" လို့ ရှင်းပြတယ်။

ဝယ်သူက "နိုင်ငံခေါင်းဆောင်ရဲ့ ဦးနှောက်က စီးပွါးပညာရှင်၊ သိပ္ပံပညာရှင်ရဲ့ ဦးနှောက်ထက် ပိုကောင်းနေလို့လား" လို့ နားမလည်စွာ မေးတော့

"မဟုတ်ဘူး.... သူ့ဦးနှောက်က လက်ဟောင်းဆိုပေမယ့် အသစ်နဲ့မကွာဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တစ်ခါမှ ဦးနှောက်ကို မသုံးခဲ့ဖူးဘူး" လို့ ဆိုင်ရှင်က ပြန်ရှင်းပြခဲ့တယ်။

ခပ်ညစ်ညစ် ရယ်ကြရအောင်....


အားလပ်ရက် တနင်္ဂနွေနေ့ကို ကျွန်မတို့ ရယ်မောစရာတွေနဲ့ စလိုက်ကြရအောင်း) ရယ်စရာ မကောင်းခဲ့ရင်တော့ ဆောရီးပါလို့.. ဒီဘလော့ကို လာဖတ်နေသူတွေထဲက အဘိုး၊ အဘွား၊ ဦးလေး၊ ဒေါ်လေး၊ အစ်ကို၊ အစ်မ၊ ဘုန်းဘုန်းတို့ကို ကျွန်မအရေးအသား ရိုင်းခဲ့ရင် ခွင့်လွတ်နားလည်ပေးပါလို့ အရင်တောင်းပန်လိုက်ပါတယ်။ အားလုံး ပျော်ရွှင်ရယ်မောဖို့အတွက် ကြားဖူး၊ ဖတ်ဖူးတဲ့ ခပ်ညစ်ညစ် ဟာသတစ်ချို့ကို မျှဝေလိုက်ပါတယ်။ ခပ်ညစ်ညစ်ဆိုတဲ့အတိုင်း “စိတ်” မညစ်သွားကြပါနဲ့လို့...

၁)

ဒါက အစ်မပြောပြတဲ့ တစ်ကယ့်အဖြစ်အပျက်ပါ။

အားလုံးသိကြတဲ့အတိုင်း တောရွာမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေက မြို့သားတွေထက် ဗဟုသုတနည်းပါးကြတယ်။ စာတတ်တဲ့လူတွေလည်း သိပ်မရှိကြဘူး။ သူတို့က စာသာမတတ်တာ ကလေးမွေးတာတော့ တော်ကြတယ်။ တစ်နှစ်တစ်ယောက် မှန်မှန်မွေးကြတယ်။ ဒါနဲ့ ထိုင်းကျန်းမာရေးဌာနက တောင်ပေါ်ဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေကို (အခါ၊ လားဟူ၊ ရှမ်း) သားဆက်ခြားနည်း ဗဟုသုတပေးဖို့ ရောက်သွားခဲ့ကြတယ်။ မိန်းမ၊ ယောက်ျားတွေကို လူစုခွဲပြီး ငွေကုန်ကြေးကျနည်း၊ ခွဲစိတ်ဖို့လည်း မလို၊ ဆေးသောက်ဖို့လည်း မလိုတဲ့ ကွန်ဒုံးသုံးနည်းကိုသုံးဖို့ ပညာပေး သရုပ်ပြခဲ့ကြတယ်။ သရုပ်ပြတဲ့နေရာမှာ မော်ဒယ်လ်အရုပ်တွေ မပါခဲ့တာကြောင့် လက်ညှိုးထောင်ပြီး ဒီလိုစွပ်ပါ၊ ဒီလိုသုံးပါလို့ ပြပေးခဲ့တယ်။

ဗဟုသုတနည်းသူတွေကို အရိပ်အမြွက်ပြရုံနဲ့တင် မလုံလောက်နိုင်မှန်း ၂နှစ် ၃နှစ်ကြာမှ ထိုင်းကျန်းမာရေးက လူတွေသိခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂နှစ် ၃ နှစ်ကြာတော့ သူတို့ပညာပေးခဲ့တဲ့ သားဆက်ခြားနည်း ဘယ်လောက် တိုးတက်ခဲ့ပြီလဲဆိုတာကို စစ်ဆေးဖို့ တောင်ပေါ်ရွာကို ကျန်းမာရေးက လူတွေ ရောက်သွားခဲ့ကြပြန်တယ်။ ရွာထဲဝင်တာနဲ့ ပြေးလွှားကစားနေကြတဲ့ ပုစုခရုလေးတွေ၊ ကျောပေါ်ပိုးထားကြတဲ့ ကလေးတွေ ပိုများလာတာကို တွေ့လိုက်တယ်။

ဒါနဲ့ ယောကျာ်း၊ မိန်းမတွေကို လူစုခွဲပြီး သူတို့ပြောသလို ကွန်ဒုံးမသုံးကြဘူးလားလို့ မေးတော့ “သုံးတယ်.. ခင်ဗျားတို့ ဆေးက မစွမ်းဘူး” လို့ ယောက်ျားတွေက ပြန်ဖြေကြတယ်။ ဘယ်လိုသုံးလို့ မစွမ်းသလဲဆိုတော့ အားလုံးပြန်ဖြေလိုက်တာက... “ခင်ဗျားတို့ လုပ်ပြသလို မိန်းမနဲ့အိပ်တဲ့အချိန် ကျွန်တော်တို့ လက်ညှိုးမှာ စွပ်ထားကြတယ်လေ” တဲ့။

ကျန်းမာရေးကလူတွေ ငိုအားထက် ရယ်အားသန်ခဲ့ရတယ်။ နောက်မှ သစ်သားတုံးကို ယောက်ျားအင်္ဂါပုံစံ လုပ်ပြီး သရုပ်ပြခဲ့ရတယ်။

၂)

ဒီတစ်ပုဒ်က တရုတ်လို အင်တာနက်မှာ ဖတ်ဖူးတာပါ။

တစ်ခါက ရှဥ့်တစ်ကောင်နဲ့ ဖားတစ်ကောင်ဟာ မိန်းမရွှင်နဲ့ ပျော်ပါးဖို့ တည်းခိုခန်းတစ်ခုကို ရောက်သွားခဲ့ကြတယ်။ တည်းခိုခန်းက ဘေးချင်းကပ်ရက်အခန်းမှာ နေကြပြီး မိန်းမရွှင်နဲ့ ပျော်ပါးတော့တယ်။ အဲဒီမှာ ဖားအခန်းကနေ “ အီး.. အီး.. အား.. အား” အသံတွေ တစ်ညလုံး ကြားနေရတယ်။ မနက်လင်းတော့ ရှဥ့်က ဖားကို “ကိုရွှေဖား ... ခင်ဗျား ကိုယ်ခံအား ကောင်းလှချည်လား၊ တစ်ညလုံး မနားခဲ့ဘူး” လို့ အားကျတဲ့အသံနဲ့မေးတော့ ဖားက စိတ်ပျက်ပျက် ပြန်ဖြေလိုက်တာက “ ဘယ်ကလာ ကိုယ်ခံအားကောင်းမလဲ.. ကြိုးစားပြီး ခုန်ခဲ့ပေမယ့် တစ်ညလုံး ကုတင်ပေါ် ကျွန်တော် မရောက်ခဲ့ဘူးဗျ” ဟူတည်း။

ကိစ္စမရှိဘူး တင်ပေးပါလို့ တောင်းဆိုသူများ ပိုရီပေးကြပါ...

 တွေးတွေးပြီး ရယ်
က)
တစ်ခါက စာမေးပွဲတစ်ခုမှာ ဘာသာပြန်စာကြောင်းတွေကို မေးခဲ့တယ်။

၁) I put on my coat and found its first button was gone.
၂) He heard the phone ring and went to get the call.

ဒါကို မြန်မာလို ဘာသာပြန်ရမယ်ဆိုပါစို့...

၁) အနွေးထည်ကို ဝတ်လိုက်တာနဲ့ အင်္ကျီပေါ်က ပထမကြယ်သီး ပြုတ်နေတာကို ကျွန်တော် သတိထားလိုက်မိတယ်။

၂) ဖုန်းသံကြားတာနဲ့ ဖုန်းကို သူကောက်ကိုင်လိုက်တယ်။

ဒါကို ကလေးငယ်တစ်ယောက် ဖြေလိုက်တာက...
၁) shit !
၂) Hello ~ ဟူတည်း။

ခ)
ဆရာမ............ မောင်မောင် တောင်အမေရိကားတိုက် ဘယ်မှာရှိသလဲ? မြေပုံပေါ်မှာ ထောက်ပြပါ။

မောင်မောင်...... ဒီမှာပါ ဆရာမ

ဆရာမ............ မှန်ပါတယ်.. ကဲ အားလုံး တောင်အမေရိကားတိုက်ကို ဘယ်သူတွေ့ခဲ့တာလဲ သိကြလား?

အတန်းသားများ.... သိပါတယ်.. မောင်မောင်ပါ ဆရာမ

ဆရာမ....... ................

ဂ)
ကုလားအုပ်ငယ် တစ်ကောင်ဟာ ပုံပြင်တစ်ပုဒ်ထဲကလိုပဲ ကုလားအုပ်မေမေကို မေးခဲ့တယ်။

“မေမေ.. မေမေ.. ဘာဖြစ်လို့ သားတို့ရဲ့ မျက်တောင်မွေးက ဒီလောက်ရှည်လျှားနေရသလဲ”

“သဲကန္တာရမှာ မေမေတို့ သွားလာတဲ့အခါမှာ သဲတွေ မျက်လုံးထဲ မဝင်အောင် ဒီမျက်တောင်မွေးတွေက ကာကွယ်ပေးတယ်လေ”

“မေမေ... မေမေ.. ဘာဖြစ်လို့ သားတို့ရဲ့ကျောမှာ ပို့ကြီးရှိနေရတာလဲဟင်”

“ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ မေမေတို့ သွားလာနိုင်ဖို့ ဒီပို့တွေမှာ ရေတွေလှောင်ထားရတယ်လေ သား”

ကုလားအုပ်မေမေရဲ့ အဖြေကို နားထောင်ပြီး ကုလားအုပ်လေးက နားမလည်ဟန်နဲ့ ပြန်မေးလိုက်တာက
“မေမေ... ဘာဖြစ်လို့ သားတို့က ဒီတိရိစ္တာန်ရုံမှာပဲ နေနေရတာလဲ” ဟူတည်း။
ဟာသလေးတွေ တင်ပေးအုန်းဆိုလို့ ရှာကြံပြီး ရီရမယ်ထင်တဲ့ဟာတွေ တင်ပေးလိုက်ပါတယ်။ မရီရရင် ဆောရီးပါလို့။ ဒီထက်ရီရတာလေးတွေ ဖတ်ရပါတယ်။ ဒါပေမယ့် ဟိုဒင်းနည်းနည်းဖြစ်လို့ မတင်ရဲဘူး။ ဘာညာကွိကွ အသံတွေကို ကြောက်တယ်လေး)
  translate server error
အိုလံပစ် အားကစားပွဲတော်မှာ လာရောက်လည်ပတ်ကြမယ့် နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ သွားလာရှာဖွေရ အဆင်ပြေအောင် တရုတ်စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက သူ့စားသောက်ဆိုင် ဆိုင်းပုဒ်မှာ “restaurant” လို့ အင်္ဂလိပ်လိုပါ ထည့်ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ပြီးနောက် ဆိုင်းပုဒ်လုပ်တဲ့ လူဆီ အလုပ်သွားအပ်ခဲ့တယ်။

ခက်တာက... ဆိုင်းပုဒ်လုပ်သူက အင်္ဂလိပ်လို မတတ်ဘူး။ ဒါပေမယ့် ဘာခက်သလဲနော်... E-ခေတ်မှာ အင်တာနက်ပေါ်တက်ပြီး ဘာသာပြန်ပေးတဲ့ ဝက်ဆိုက်မှာ တရုတ်လိုရိုက်ထည့်ပြီး အင်္ဂလိပ်လို ဘာသာပြန်လိုက်ရုံပဲ။ ဒီလိုနဲ့ ဆိုင်းပုဒ်လုပ်သူက အင်တာနက်ပေါ်မှာ ဘာသာပြန်ကြည့်လိုက်ပြီး “ဟင်း... ဒီအင်္ဂလိပ်တွေ သိပ်အရစ်ရှည်ပါလား၊ တရုတ်စာလေး နှစ်လုံးကို ဘာသာပြန်တာ ဒီလောက်ရှည်တဲ့ အင်္ဂလိပ်စာတွေ ထွက်လာတယ်” လို့ မကျေမနပ် ရေရွတ်နေမိတယ်။

နောက်တစ်နေ့ စားသောက်ဆိုင် ပိုင်ရှင်က ဆိုင်းပုဒ်ကိုရွေးပြီး သူ့ဆိုင်မှာ ချက်ချင်း ချိတ်ဆွဲထားလိုက်တယ်။ ဆိုင်းပုဒ်က အောက်ကပုံပဲဖြစ်ပါတယ်။
 
မ နဲ့ မောင်
(က)
အိမ်ထောင်ကျစ
မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။

နှစ်အတန်ကြာသော်
မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။

(ခ)
ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။
မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး
မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို

အိမ်ထောင်ကျပြီးနောက်
မ။.....။ အရင်က ဒီနေရာမှာ မ့ကို မောင် ပွေ့ဖက်ဖူးတယ်နော်။ ခုဖက်ပါအုန်းလား မောင်
မောင်။.... ။ လူတွေရှေ့မှာ ဖက်ရအောင် ရူးနေလား?

(ဂ)
အိမ်ထောင်ကျစ
မ။..... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်က မကို ပွေ့ပြီး ကုတင်ပေါ် တင်ပေးလိုက်တယ်။

နှစ်အနည်းငယ်ကြာသော်
မ။........... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်။်..... ။ ခြေထောက်ကျိုးနေပြီလား?

(ဃ)
တစ်နေ့မှာ မောင်က

“မ ဝလာလည်း ချစ်မှာပဲ။ ဝဝကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်။ အသက်အရွယ်ကြီး အိုမင်းသွားတဲ့အထိ မကို အမြဲချစ်မယ်။ မကို အမြဲဖက်မယ်” ဟု သစ္စာဆိုသည်။
 
နှစ်အနည်းငယ် ကြာသော်
မ။.......... ။ မောင် မကိုပွေ့ပါအုန်း
မောင်။.....။ ဒီခန္ဓာကိုယ်နဲ့ ငါ့ ခါးကျိုးအောင် လုပ်နေတာလား?

(၂)
မ။............ ။ မောင်ရေ.. မ အလှပြင်ပြီးပြီ၊ သွားရအောင်
မောင်။......။။ နေပါအုန်း.. ငါ မုတ်ဆိတ်ရိတ်နေသေးတယ်။
မ။............။ မုတ်ဆိတ်ရိတ်တာ ဒီလောက်ကြာသလား? မ တောင် ပြင်ပြီးနေပြီ..
မောင်။......။ နင်အလှပြင်တာကို စောင့်ရင်း ရိတ်ပြီးသား ငါ့မုတ်ဆိတ်တွေ ထပ်ရှည်လာလို့ နောက်တစ်ခေါက် ထပ်ရိတ်နေတာ။
(၃)
လူတစ်ယောက်သည် ယင်ကိုးကောင်ကို ရိုက်ပြီး
“ဒီယင်ကိုးကောင်မှာ ၅ကောင်က အထီး၊ ၄ကောင်က အမကွ”
“အထီးမှန်း၊ အမမှန်း မင်းဘယ်လိုလုပ်သိသလဲ”
“၅ကောင်က အရက်ပုလင်းမှာနားနေပြီး ၄ကောင်က ကြည့်မှန်ပေါ်နားနေလို့ကွ”

ဟာသ တင်ပေးပါအုန်း ဆိုသူတွေအတွက် ဖတ်ဖူးသမျှ စုစည်းတင်ပြပါတယ်။
၁) တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။ ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။

မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်

ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်.. သူ့ကိုသွားခိုင်းလိုက်...

ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။ သူ့ကိုသွားခိုင်းလိုက်..

တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....

“မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... ” ဆိုပြီး ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။

ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။ ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့ တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။

ပင့်ကူက ဒေါသတကြီး
“မင်း ကြာလှချည်လား? အားလုံး မင်းကို စောင့်နေတာ မင်းက ဒီမှာဘာထိုင်လုပ်နေတာလဲ” လို့ အော်တော့ ကင်းခြေ ပြန်ဖြေလိုက်တာက “ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ” ဟူတည်း။
၂) တစ်ခါက ပန်းခြံတစ်ခုမှာ ယောက်ျားရုပ်တုနဲ့ မိန်းမရုပ်တု နှစ်ခုရှိသတဲ့။ ရုပ်တုနှစ်တုကို မျက်နှာချင်းဆိုင် တည်ထားတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ တစ်နေ့မှာ အချစ်နတ်သား မြှားနတ်မောင်ဟာ ရုပ်တုနှစ်ခုကို တွေ့သွားပြီး “မင်းတို့နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ငေးမောကြည့်နေရတာ နှစ်ပေါင်းမနည်းတော့ဘူး။ မင်းတို့ကို သနားလို့ ဒီနေ့တော့ မင်းတို့နှစ်ယောက်ကို ၁၅မိနစ်လောက် ငါအသက်သွင်းပေးလိုက်မယ်။ ကြိုက်တာ လုပ်တော့..... ” လို့ ပြောပြီး လူအဖြစ် အသက်သွင်းပေးလိုက်တယ်။

အသက်ဝင်သွားတဲ့ ရုပ်တုနှစ်ခုဟာ နှစ်ပေါင်းများစွာ ရပ်နေရတဲ့ အမြင့်ကနေ ဝမ်းသာအားရ ခုန်ချပြီး ချုံတစ်ခုထဲ ပြေးဝင်သွားကြတယ်။ ၁ဝမိနစ်အကြာမှ ချုံထဲက ပြန်ထွက်လာတဲ့ သူတို့နှစ်ယောက်ကို မြှားနတ်မောင်က “ အချိန်၅မိနစ် ကျန်သေးတယ်.. ကြိုက်တာ လုပ်ကြဦး” လို့ ပြောတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ပြုံးကြည့်ပြီး ချုံထဲ နောက်တစ်ကြိမ် ပြန်ပြေးဝင်သွားကြတယ်။

ဒီတစ်ခါတော့ ချုံထဲကနေ မိန်းကလေးအသံကို ကြားလိုက်ရတယ်။ မိန်းကလေး ပြောလိုက်တာက....
“ကဲ... ဒီတစ်ခါ ရှင့်အလှည့်.. ခိုကို ကျွန်မချုပ်ထားပေးမယ်။ ခိုခေါင်းပေါ် ရှင်မစင်စွန့်ချလိုက်တော့” ဟူတည်း။

ရယ်တော့သူ အသက်ရှည်၏။း)ကျော်ကျော်(lamineiant@gmail.com)

 

No comments:

Post a Comment