Friday 23 December 2011

ပြုံးတော်မူ... ၃

" ကံဆိုးတဲ့ ဦးလေးမော"
အရက်ဘားတွင်ဖြစ်သည်။ အရက်ခွက်ကို ရှေ့မှာ ချပြီး မစ္စတာချစ်ရသူဆိုတဲ့ လူတစ်ယောက် ညှိုးငယ်စွာ ထိုင်နေသည်။ ထိုအချိန် ထောင်ထောင် မောင်းမောင်း၊ ဗလ ကောင်းကောင်း မစ္စတာ မောရစ်ဆိုတဲ့ လူတစ်ယောက်ဝင်လာပြီး ဘာမပြော၊ ညာမပြောနှင့် စောစောက လူရှေ့ရှိ အရက်ခွက်ကို ဆွဲယူကာ သောက်ချလိုက်သည်။
ထိုင်နေရင်း မစ္စတာချစ်ရသူဆိုတဲ့လူက မျက်နှာကို လက်နှစ်ဘက်ဖြင့် အုပ်ပြီး ရှိုက် ကြီးတငင် ငိုသည်။ ဗလကြီး မစ္စတာ မောရစ် အံ့သြသွားသည်။ ထိုသူကို သနားစိတ်ဝင်သွားသည်။ သို့နှင့် နှစ်သိမ့်စကားပြော သည်။
"ဟေ့လူ၊ ဒီလောက်တောင် ဝမ်းနည်းမနေပါနဲ့။ ကျွန်တော် မစ္စတာ မောရစ်ပါ။ ခင်ဗျားကို ကျီစားတာပါဗျ။ နောက်တစ်ခွက်ဖိုးကို ကျွန်တော် ပေးပါ့မယ်ဗျာ"
မျက်ရည်များကို မစ္စတာချစ်ရသူ သုတ်ပြီး ထိုလူ ပြန်ပြောသည်။
"ဒါကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်အဖြစ်ကို ခင်ဗျားမသိလို့ပါ။ ဒီနေ့ဟာ ကျွန်တော့အတွက် ကံအဆိုးဆုံးနေ့ပါ။ မနက်က အိပ်ရာထ နောက်ကျသွားတယ်။ အလုပ်ဆင်းတာနောက်ကျတယ်ဆိုပြီး အလုပ်ရှင်က ကျွန်တော့ကို အလုပ်က ထုတ်လိုက်တယ်။ ကိုယ်ပိုင်ပစ္စည်းတချို့ကို ကောက်သိမ်းပြီး အပြင်ကို ထွက်လာတော့ ကျွန်တော့ စက်ဘီးမရှိတော့ဘူး။ ဒါနဲ့ အိမ်ကို ခြေလျင် ပြန်လာရတယ်။ အိမ်ရောက်တော့ အလုပ်ပြုတ်လို့ဆိုပြီး မိန်းမက ထမီတွေ လျှော်ခိုင်းတယ်။ ငြင်းတော့ မိန်းမက ရှင့်ကို မပေါင်းနိုင်တော့ဘူးဆိုပြီး အိမ်ပေါ်က မောင်းချတယ်။ ကျွန်တော့ဘဝဟာ အဓိပ္ပါယ်မရှိတော့ဘူး။ အရက်ဆိုင်ကို လာပြီး အရက်နဲ့ ဖြေဖျောက်ဖို့ စဉ်းစားတယ်။ အရက်တစ်ခွက်မှာလိုက်တယ်။ အဲဒီမှာတင် အတွေးပေါ်လာတယ်။ ဒီလောက် ကံဆိုးနေမှတော့ လူ့ပြည်မှာ ဘာလုပ်ဖို့ ဆက်နေတော့မှာလဲ ဆိုတဲ့ အတွေးပါ။ ဒါနဲ့ပဲ အရက်ခွက်ထဲကို အဆိပ်ခပ်ထည့်လိုက်တယ်။ ကျွန်တာ် သောက်မယ်လုပ်တုန်း ခင်ဗျားဝင်သောက်လိုက်တာ။ အင်း၊ သေချင်တာတောင် ဖြောင့်ဖြောင့် မသေရပါလားနော်။ ကျွန်တော့ကိုက
ကံဆိုးပါတယ်ဗျာ"
" မဟုတ်ဘူးလို့  ....ဆို "
တစ်ခါတုန်းက ရွာတစ်ရွာမှာ နွားမကြီးတစ်ကောင်မွေးထားတဲ့ အဖိုးအို ဂျင်းပု ဆိုသူတစ်ယောက်ရှိတယ် တဲ့..တစ်နေ့မှာ အဲ့ဒီနွားမကြီးကနေ နွားသေးလေးတစ်ကောင်ပေါက်လာတယ်တဲ့.. အဖိုးအို ဂျင်းပု က ပိုက်ဆံလိုအပ်တဲ့အခါကျတော့ အဲ့ဒီ့နွားမကြီးနဲ့နွားလေးကို ရောင်းဖို. မြို့မှာရှိတဲ့ဈေးကို သွားတယ်တဲ့...အဲ့ဒီ လိုသွားရာမှာ လူပြတ်တဲ့နေရာရောက်တော့ အဖိုးအို ဂျင်းပုကို ဓားပြတိုက်ကြသတဲ... အဖိုးအိုမှာ အခုမှ နွားသွားရောင်းမှာဖြစ်လို့ ပေးစရာမရှိတာနဲ့ ဓားပြတွေက အဖိုးအိုရဲ့အ၀တ်အစားအကုန်လုံးကို ချွတ်ယူတယ် .. နွားမကြီးကိုလည်းယူသွားပြီး နွားလေးကိုတော့ထားခဲ့ကြပြီး...
အဖိုးအိုဂျင်းပုလည်း သစ်ပင်တစ်ပင်မှာ မတ်တတ်ကြီးကြိုးတုတ်ထားခဲ့တယ်တဲ့....နှစ်ရက် လောက်ကြာတော့ရွာကလူတွေကအဖိုးအိုကိုတွေ့ပြီးကြိုးဖြည်ပေးကြတယ်....အဖိုးအိုက ကြိုးဖြည်ပြီးပြီးချင်း
ပဲနွားကလေးကို တုတ်တစ်ချောင်းနဲ့ရိုက်ပါတော့တယ်တဲ့..
ရွာသားတွေက" နွားလေးက ကိုသနားပါတယ်..သူ့ခဗျာ နို့ငတ်နေရှာတာ ခင်ဗျားက
ဘာလို့ရိုက်တာလဲ"လို့မေးတော့........အဖိုးအိုဂျင်းပုဆိုသူက
" ကျွန်တော် သူ့ကို အတန်တန် ပြောပါတယ်ဗျာ..သူက နားမထောင်ဘူး.... ကျွန်တော်သူ့အမေ မဟုတ်ပါဘူးလို့"တဲ့
" ကိစ္စမရှိပါဘူး "
ရုရှားသမ္မတ နှင့် ဇနီး သည် အမေရိကန်ရှိ အိမ်ဖြူတော်သို့သွား၍ အမေရိကန်သမ္မ နှင့် ဇနီး အားတွေ့ ဆုံနှုတ်ဆက်သည် ။ အမေရိကန်သမ္မတကတော်က ရုရှားသမ္မတ ကတော်အား ပြန်ခါနီးတွင် အမေရိကန် လုပ် BMW Latest ကားတစ်စီးအားလက်ဆောင်အဖြစ်ပေးလိုက်လေသည်။
ထိုအခါရုရှားသမ္မတ ကတော်က ` ကျွန်မတို့ ရုရှားတွေက သူများလက်ဆောင်ပေးတာကို အလကားမယူ ကြောင်း တစ်ခုခုပြန်ပေးရမှသာ ယူကြောင်းပြောပြတယ်...
အမေရိကန်သမ္မတ ကတော်ကလည်း ` ဒါဆိုရင် လဲ ဒေါ်လာတစ်ကျပ်ပဲ ပေးပါ ´ ဟုပြန်ပြောလိုက်လေ သည်။
ရုရှားကတော် က ပိုက်ဆံအိပ်ထဲမှ တစ်ကျပ်တန်ဒေါ်လာတစ်ရွက်ရှာသည် ။ မတွေ့သောအခါ ငါးကျပ်တန် ဒေါ်လာတစ်ရွက်ထုပ်ပြီးပေးသည်။
အမေရိကန်ကတော်က သူတွင်ပြန်အမ်းရန် ဒေါ်လာ လေးကျပ်မရှိကြောင်းပြောသောအခါ
ရုရှားကတော်က `` ရပါတယ် ၊ ကိစ္စမရှိပါဘူး ၊ နောက်ထပ် BMW Latest လေးစီးထပ်ပေးလိုက်လေ
" လူလည် "
တစ်ခါက တောသားလေး ရှိုင်းကိုကို တစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က
အဆောက်အဦအမြင့်ကြီးတွေကို မမြင်ဖူးတော့ ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ
ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် မန်ချီဒါ ဆိုတဲ့ တစ်ယောက်ရောက်ချလာပြီး.... ....
(ရှိုင်းကိုကို)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့ မြို့မှာ အဆောက်အဦးတွေကို ဒီလို ရတွက်ချင်တိုင်း ရေတွက်လို့ မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။
(ရှိုင်းကိုကို) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....
( မန်ချီဒါ )။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့် လက်မှတ် ပေးခဲ့မယ်။ ဒါနဲ့ တောသားအိုဝင်ပေါက်စ ဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး သူတွေးနေတာက
“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့ တွေ့တော့ ခံလိုက်ရတာပဲ။ ဟီးဟီးဟီး........ငါကဖြင့် 18 ထပ် လောက်တောင် ရေပြီးပြီ ” တဲ့။
"နောက်တခါဆို ပိုနာမယ်"
အရမ်းမူးနေတဲ့ အရက်သမားသုံးယောက် တက်စီတစ်စီးကို တားတယ်။
ပြီးတော့ ကားပေါ်ကို ဒယီးဒယိုင်နဲ့တက်နေကြတာ တော်တော်နဲ့ အထဲမရောက်ဘူး။
သုံးယောက်လုံးအထဲရောက်တော့ တက်စီဒရိုင်ဘာက ကားစက်ကိုနှိုးတယ်၊ ပြီးတာနဲ့ချက်ခြင်း စက်ကိုရပ်လိုက်တယ်…
ပြီးတော့ အမူးသမားသုံးယောက်ကိုပြောလိုက်တယ်…
“ရောက်ပြီ…”
ပထမတစ်ယောက်က တက်စီခပေးပြီး ဆင်းသွားတယ်…
ဒုတိယတစ်ယောက်က ကျေးဇူးတင်ကြောင်းပြောသွားတယ်…
တတိယတစ်ယောက်က ဒရိုင်ဘာကို ပါးလှမ်းရိုက်တယ်…
ဒရိုင်ဘာလည်း အံ့သြသွားတာပေါ့၊ ဒီလောက်တောင်မူးနေတာ သူ့လုပ်ရပ်ကို မသိလောက်ဘူးလို့ ထင်ထားတာကိုး… …
တတိယတစ်ယောက်က ဆက်ပြောတယ်… …
“နောက်ကို ကားမောင်းရင် ဖြေးဖြေးမောင်း၊ ကံကောင်းလို့၊ ငါတို့အားလုံး သေတော့မလို့”…တဲ့။

"ဖြေရဲဘူး"

ကုန်တိုက်တစ်ခု၏ ငွေရှင်းကောင်တာတစ်ခုတွင် ဖြစ်သည်။
လူအများငွေရှင်းရန် တန်းစီနေကြရာ ရှေ့ဆုံးက လူမှာ ဗလကြီးကြီး ထွားထွားကြိုင်းကြိုင်းနှင့် ဖြစ်သည်။
ဗလကြီးက ငွေရှင်းအပြီးတွင် ကောင်တာနောက်မှ လူကိုမေးတယ်… …
“မိတ်...မိတ်....မိတ်ဆွေ၊ အိမ် အိမ် အိမ်သာ ဘယ်နားနား နားမှာလဲလဲ…လဲ”
ကောင်တာနောက်ကလူက ဘာမှပြန်မဖြေ၊ ကြောင်စီစီနဲ့ ပြန်ကြည့်နေတယ်။
ဗလကြီးက ထပ်မေးတယ်… …
“မိတ်...မိတ်....မိတ်ဆွေ၊ အိမ် အိမ် အိမ်သာ ဘယ်နားနား နားမှာလဲလဲ…လဲ”
ဒါလဲ ပြန်မဖြေဘူး၊ ဗလကြီးကလည်း ဒေါသထွက်လာတာပေါ့။
ထပ်မေးတယ်… …
“မိတ်...မိတ်....မိတ်ဆွေ၊ အိမ် အိမ် အိမ်သာ ဘယ်နားနားနားမှာလဲလဲ…လဲ..လို့ မေး မေးမေးနေတယ်လေ”
ဒီတခါလဲ ပြန်မဖြေဘဲ မျက်နှာငယ်လေးနဲ့ ပြန်ကြည့်နေတာ၊ ကြာတော့ ဗလကြီးနောက်က တန်းစီနေတဲ့ မိန်းမက မနေနိုင်တော့ဘဲ ဝင်ပြောတော့တယ်… …
“ရှင်ကလည်း သူမေးနေတာကို သိရင်လည်း ပြန်ဖြေလိုက်လေ”
အဲဒီတော့မှ ကိုယ်တော်ချော ပြန်ဖြေတာက… …
“ပြန် ..ပြန် ပြန်...ဖြေ...ဖြေလို့၊ သူ့ ...သူ့ကို ပြောင်...ပြောင်... ပြောင်ပါတယ် ဆို...ဆို...ပြီးပြီး... ဆွဲ...ဆွဲ...ထိုး...ထိုးရင် ခ... ခ... ခ...များ တာဝန်ယူ....ယူ မှလား.....လား”..တဲ့။
(အော်…သူလဲ ထစ်တာကိုး)
နောက်ဆုံးရ သတင်းများ
(၁) မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ ဖြတ်ကူးလျက်ရှိ။
(၂) အစိုးရ၀န်ထမ်းများ လာဘ်စားနေ။
(၃) ဆရာမများ ကျောင်း၌ နှလုံး/ချဲများ ထိုးနေကြ။
(၄) နှာခေါင်းတွင် အပေါက်နှစ်ပေါက်မရှိပါက လူများ အသက်ရှူရာတွင် အခက်အခဲဖြစ်နိုင်ဟု သိပ္ပံပညာရှင်များဆို။
(၄) အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျက်ရှိ။
(၅) မျက်မှန်တပ်သူများ လောကကြီးကို ဘောင်ခတ်ကြည့်နေကြ။
(၆) နားမကြားသူများ နားကြားကိရိယာ အသုံးမပြုပါက နားမကြားနိုင်ဟု ကျွမ်းကျင်သူများ ပြောကြား။
(၇) ရန်ကုန်မြို့ရှိ အထူးယာဉ်များ ထိုင်ခုံမရပါက မတ်တပ်ရပ်စီးနိုင်။
(၈) မဆင်မခြင်သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်။
(၉) ရထားစီးစဉ် ပြတင်းပေါက်များဖွင့်ထားပါက လေကောင်းလေသန့်ရနိုင်။
(၁၀)မန္တလေးရှိ အိမ်သာတစ်ခုမှ မကောင်းသောအနံ့အသက်များ ထွက်နေ။
စပ်စပ်စုစု
စာသင်ခန်းတစ်ခုတွင် ကျောင်းသားများအား ဗျည်းအက္ခရာသင်ခန်းစာကို သင်ကြားနေသည်။
ဆရာမ။ ။ ကလေးတို့ရေ ဟောဒါလေးက ကကြီးလို့ခေါ်တယ်နော်။အဲဒီ ကကြီးကို
ပက်လက်လှန်လိုက်ရင် ယပက်လက်လို့ခေါ်တယ်နော်။ ဘာတဲ့လဲ …
ကျောင်းသားများ။ ။ ယပက်လက်ပါဆရာမ။
ဆရာမ။ ။ဒါကတော့ ခခွေးတဲ့။ အဲဒီခခွေးကို ပြောင်းပြန်လှည့်ပြီးပက်လက်လှန်လိုက်ရင်
ဖဦးထုပ် လို့ခေါ်တယ်နော်။ ဘာလို့ခေါ်လဲ ကလေးတို့။
ကျောင်းသားများ။ ။ ဖဦးထုပ်လို့ခေါ်ပါတယ်။
ဆရာမ။ ။အေး .. နောက်ပြီးတော့ ဒါလေးကို ဂငယ်လို့ခေါ်တယ်။ အဲဒီ ဂငယ်လေးကို
ပြောင်းပြန်လှန်လိုက်ရင်တော့ ပစောက်လို့ခေါ်တယ်။
ထိုအချိန်တွင် အလွန်တရာ အမေးအမြန်းထူသော ကျောင်းသားလေးမောင်ကာကာမှ စိတ်မရှည်သော
လေသံဖြင့် မေးလိုက်ရာ ဆရာမမှာ မည်သို့မည်ပုံဖြေရမှန်းမသိ အကြံအိုက်လို့သွားပေတော့လေသည်။
မောင်ကာကာ။ ။ဆရာမ …. ဆရာမ ည ပက်လက်လှန်ရင် ဘာဖြစ်မှာလဲဟင်။
နွားမ
သားငယ်က အမေကို မေးသည်။
`မေမေ၊ ဖေဖေ့မှာ နွားမ ရှိသလားဟင်´
`ဘယ်ကလာရှိရမှာလဲ၊ ဘာဖြစ်လို့မေးတာလဲ သားရဲ့´
`သြော် ... အိမ်က အိမ်ဖေါ် မိန်းမကို ဖေဖေက `နင့်ကိုယ်လုံး ကိုယ်ပေါက်ဟာ အိမ်က နွားမထက် အဆတစ်ရာသာတယ်´ လို့ တစ်နေ့က ပြောသံကြားရလို့ပါ´
စားချင်တယ် နှင့် အခြားဟာသများ
စားချင်တယ်
နိုင်းလ်မြစ်ကမ်းဘေးတွင် ထိုင်ကာ လူတစ်ယောက် ငါးမျှားနေသည်။ ရာသီဥတုမှာ ပူပြင်းလှသည်။ အသက်ရူရတာပင် မွန်းကျပ်ကျပ် ဖြစ်နေသည်။ ဒီကြားထဲ ငါးက တွတ်တောင်မတွတ်။
တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ ကြာသွားသည်။ ဘာငါးမှ မမိသေး။ ရုတ်တရက် မိကျောင်း တစ်ကောင် ကူးလာသည်။ လူကြီးကိုကြည့်ပြီး စာနာသံဖြင့် မေးသည်။
``ပူတယ်နော်´´
``ဟုတ်တယ်၊ အင်မတန်ပူတယ်´´
``မွန်းကျပ်ကျပ်ကြီးနော်´´
``ဟုတ်တယ်´´
မျှော်လင့်သံဖြင့် မိကျောင်း ပြောသည်။
``အဲဒါဆို ရေဆင်းကူးပါလား´´
အခက်ဆုံး
``လက်ဝှေ့သမားတစ်ယောက်အတွက် အခက်ခဲဆုံးဟာ ဘာလဲ´´
``လက်အိပ်မချွတ်ဘဲ သွားတွေကိုပြန်ကောက်ရတာ´´
လက်သုံးစကား
ကိုဘိုမြ၏ လက်သုံးစကား။
`ပိုက်ဆံရှိနေတုန်း အချိန်မှာ စိတ်ကြိုက် သောက်ပလိုက်၊ နောက်ပိုင်းမှာ ပိုက်ဆံရှိတော့မှာ မဟုတ်ဘူး။´
မောင်ကောင်းထိုက်(နှီးပဒေါ) စာအုပ်မှ ကူးယူဖေါ်ပြသည်။
စံပြအရက်ဆိုင် နှင့် အခြား ဟာသများ
လူမမှားအောင်
ဆပ်ကပ်ရုံမန်နေဂျာ၏ ရုံးခန်းထဲတွင် တယ်လီဖုန်းသံ မြည်လာသည်။
`ဟဲလို... ဆပ်ကပ်ရုံ ကလား၊ ပုံမကျ ပန်းမကျ လူတွေကို မလိုဘူးလားဟင်´
`ဘယ်လို ပုံမကျ ပန်းမကျ ဖြစ်နေသလဲဆိုတဲ့ အပေါ် တည်ပါတယ်။´
`ကျွန်တော့မှာ ခေါင်းနှစ်လုံး ရှိနေတယ်ဗျာ။´
`သြော်... ဟုတ်လား... ဆန်းသားပဲ။´
`ခေါင်းတစ်လုံးမှာ နားရွက်သုံးခု ရှိနေတယ်။´
`ဟာ ... အဲဒါတော့ မယုံနိုင်စရာဘဲ´
`နောက်ခေါင်းတစ်လုံးမှာတော့ မျက်စိလေးလုံး´
`အန်မတန်ထူးခြာတယ်ဗျို့၊ ခင်ဗျားကို ကျွန်တော် အလုပ်ခန့်ချင်သွားပြီ၊ ခင်ဗျားနဲ့ ကျုပ် အမြန်ဆုံးတွေ့ဘို့လိုနေပြီ။´
`ကောင်းပြီလေ၊ မနက်ဖြန် မနက် ၁၀-နာရီတိတိမှာ ခင်ဗျားကို ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့မှာ စောင့်မယ်၊ လူမမှားအောင် ကျွန်တော့လက်ထဲမှာ `မြ၀တီ´ မဂ္ဂဇင်းကို ကိုင်ထားမယ်။´
ဂျူးအိပ်မက်
`ဂျူးတစ်ယောက် စားသောက်ဆိုင်မှာ နေ့လည်စာ စားနေတဲ့ အကြောင်း အိပ်မက်မက်ရင် ဘာဖြစ်မယ်ထင်သလဲ´
`ကျသင့်ငွေဘောက်ချာကို စားပွဲထိုးယူမလာခင် သူ အမြန်ဆုံးနိုးဘို့ ကြိုးစားမယ်´
အဆိုးမမြင်ပါနဲ့
`ဒေါက်တာ ဘာလဲ... ကျွန်တော့်ရောဂါရဲ့ အခြေအနေဟာ ဒီလောက်တောင်ပဲ ဆိုးနေ သလားခင်ဗျာ။´
`ကိုယ့်ကိုကို အခြေအနေဆိုးလှပြီလို့ မထင်ကောင်းပါဘူး၊ တစ်မျိုးလှည်ပြီး ပြောကြည့်ကြရအောင်၊ ခင်ဗျားကို ပျောက်အောင် ကုနိုင်ရင်တော့ ကျွန်တော် ကမ္ဘာကျော်သွားမှာ သေချာတယ်ဗျို့။´
နိုးဆော်ချက်
`ဇရာကို လေးစားပါ။ ၎င်းသည် သင်၏ အနာဂါတ်ဖြစ်သည်။´
ဆရာဝန်၏ ကောက်ချက်
`ကုမရအောင် ကျမ်းမာသည်။´
စံပြအရက်ဆိုင်
`အရက်ဆိုင် အမှတ်(၄၅)သည် စားသုံးသူတို့ အဆင်ပြေရေးကို ဦးစားပေးရန် ဆုံးဖြတ်လိုက်သည်။ ယနေ့မှ စ၍ စားသုံးသူကို ကုန်ပစ္စည်းနှင့် အတူ အိမ်အရောက် လိုက်ပို့ပါသည်။´
မောင်ကောင်းထိုက်(နှီးပဒေါ) စာအုပ်မှ ကူးယူဖေါ်ပြသည်။
မရောင်းနိုင်ဘူး
ကိုဖြိုးတို့ လင်မယား အာရပ်နိုင်ငံတစ်ခုသို့ တိုးရစ်များအဖြစ် ရောက်လာကြသည်။ မြို့တစ်မြို့၏ ဈေးထဲသို့ ၀င်ကြည့်ကြသည်။ အာရပ် တစ်ယောက် ၎င်းတို့အနားကပ်လာပြီး ကိုဖြိုးကို ပြောသည်။
`ခင်ဗျားတို့ ဥရောပက လာကြတာလား။´
`ဟုတ်တယ်.... ဥရောပက´
`ခင်ဗျားဘေးက ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးဟာ ခင်ဗျားမိန်းမလား။´
`ဟုတ်တယ်.... ကျုပ်မိန်းမ´
`ကျွန်တော့်ကို ရောင်းပါလား၊ ကုလားအုပ် အကောင်ငါးဆယ် ပေးမယ်။´
ကိုဖြိုးမျက်လုံးပြူးသွားသည်။ ထို့နောက် တစ်ခုခုကို အလေးအနက် စဉ်းစားသည်။ ၁၀-မိနစ်၊ ၁၅-မိနစ်၊ မိနစ်-၂၀၊ နာရီဝက်ကြာသွားသည်။ နောက်ဆုံးတါင် အာရပ်ကို ကိုချုချာ ပြန်ပြောသည်။
`မရောင်းနိုင်ဘူးဗျာ။´
အာရပ်ထွက်သွားသည်။ ထိုအချိန်တွင် ကိုဖြိုး၏ ဇနီးက ပြဿနာလုပ်တော့သည်။
`ခုနက ငနဲကို မရောင်းနိုင်ဘူးလို့ ဘာဖြစ်လို့ ရှင် ချက်ချင်းမဖြေလိုက်သလဲ၊ ဘာတွေ အကြာကြီး စဉ်းစားနေတာလဲ။ ဘာလဲ...ရှင်က ကျွန်မကို သိက္ခာချချင်လို့ပေါ့.... ဟုတ်လား။´
`မဟုတ်ပါဘူးကွာ၊ ငါတို့ အိမ်ခန်းထဲမှာ ဒီကုလားအုပ်အကောင် ငါးဆယ်ကို ဘယ်လိုထားလို့ရမလဲဆိုတာ စဉ်းစားတာပါ။´
မောင်ကောင်းထိုက်(နှီးပဒေါ)၏ စာအုပ်မှ ကူးယူတင်ပြသည်။
လက်ခံနိုင်တဲ့ အဖြေ
သေဆုံးသွားသော ဇနီး၏ အစ်မကို လက်ထပ် လိုက်သော မြေပိုင်ရှင်ကြီး စိုင်းဆက်အား ဘာကြောင့် ကိုယ့်မရီကို ပြန်ယူရသလဲဟု မိတ်ဆွေများက မေးလာကြသည့် အခါ
မြေပိုင်ရှင်ကြီးက -
"ငွေကုန်ကြေးကျ သိပ်မများတော့ဘူးလေ၊ ယောက္ခမက တစ်ယောက်တည်း မဟုတ်လား။"
ဟုလက်ခံနိုင်ဖွယ် ဖြေလိုက်သည် ဟူ၏။
သူ့စကားက ဘာလိုလို
သေအံ့မူးမူး သဌေးကြီး ကိုစိုးထိုက်က သူ့မြင်းရထား မောင်းလာခဲ့သူ ကိုဒဿအား -
"ဂျွန်ရေ၊ ကျူပ်တော့ မင်းဘတစ်လျှောက်လုံး ကျူပ်ကို မောင်းပို့ခဲ့တဲ့ ခရီးထက် ပိုရှည်တဲ့ ခရီးကြီးကို သွားရတော့မယ်...."
ဟုဝမ်းနည်းကြေကွဲစွာ ပြောပြလေရာ မြင်းရထားမောင်းသူက -
"စိတ်ကောင်းကောင်းထားပါ ဆ၇ာရယ်...ဆရာ အခုသွားရမယ့် ခရီးက တစ်လျှောက်လုံး အဆင်းလမ်းချည်းပါ။"
ဟု နှစ်သိမ့်လိုက်သော ဟူ၏။
ဒေါက်တာမော်ကြီး ရဲ့ နှစ်နှစ်လီ လေး ......
စိတ္တဇဆေးရုံတွင် ဖြစ်သည်။ အရူးများ များလွန်းသဖြင့် အရူးလျော့ပေါ့ရေးအစီစဉ်ဖြင့် ဆေးရုံအုပ်ကြီး (ဒေါင်တာမော်ကြီး)သည် အခြေနေအကောင်းဆုံး အရူးလေးယောက်အား ခေါ်ယူကာ တန်းဆီခိုင်းစေပြီး တစ်ယောက်ချင်းစီအား မေးခွန်းမေးပြီး စမ်းသပ်သည်။
“ကဲကဲ ကောင်လေး မင်းစ ဖြေကွာ နှစ်နှစ်လီဘယ်လောက်လဲ”
အရူးကောင်လေး မှ “နှစ်နှစ်လီ ဒသဂီရီ ပါဆရာ”
ဒေါက်တာမော်ကြီးလည်း ခေါင်းခါလျက် နောက်တစ်ယောက်
“ကဲ G-Lay မင်းဖြေစမ်း”
“နှစ်နှစ်လီ ဘောလုံးပါ”ဘောလုံးရူးထင်တယ်။ ဒေါက်တာမော်ကြီးသက်ပြင်းချလျက် နောက်တစ်ယောက်
ဆက်မေးသည်။
“unrecover အဲ့ဒီ့မေးခွန်းကိုဖြေ ”
“နှစ်နှစ်လီ ကျော်ဇော်လင်း ပါခင်ဗျ”
ပိုဆိုး၏။ ဆေးရုံအုပ်ကြီးစိတ်ဓါတ်ကျသွားသည်။ ဒီလောက် အချိန်တွေပေးပြီး ကုသထားတာ အခြေအနေ မကောင်းကြတော့ ဒေါသလည်းထွက်သွားသည်။
“ကဲ နောက်ဆုံးအရူး DR7 မင်းဖြေစမ်းကွာ”
DR7 ဆိုသူက ဘယ်သူ့မှ ဂရုမစိုက်သည့် ပုံစံဖြင့်
“ နှစ်နှစ်လီ လေးကွ ” ဟု ရဲဝင့်စွာ ဖြေလိုက်လေသည်။ ဆေးရုံအုပ် ဒေါက်တာမော်ကြီးလည်း အင်း... ဒီကောင်ကတော့ အခြေနေမဆိုးဘူးပဲ...ဟုတွေးကာ ဆိုစမ်းပါအုံးကွ မင်းဘယ်လိုလုပ်ပြီး အဖြေ ၄ (လေး) ရလဲဆိုတော့ ........ DR7 ဖြေလိုက်ပုံက......
“ခင်ဗျားတို့က ကျုပ်ကို ငတုံး များမှတ်နေကြလားဗျ ခင်ဗျားတို့ ဒသဂီရိ ကို ဘောလုံး နဲ့ (+) ပေါင်း ကြည့်လိုက် ရလာတဲ့အဖြေကို ကျော်ဇော်လင်း နဲ့ မြှောက် (x) ရင် လေး(၄) ရတာပေါ့ကွ ငှဲ ငှဲ ငှဲ "
" မမြင်ရလို့ "
စိတ္တဇဆေးရုံတွင် ဖြစ်သည်။ လူနာများကို ရောဂါအခြေအနေ စစ်ဆေးရန် ခုံတန်းများတွင် ဆေးများသုတ် ထားပြီး အနည်းငယ်ခြောက်သွေ့သော အချိန်ခန့်တွင် ရုပ်ရှင်ပြီး ကြည့်စေသည်။ လူနာအားလုံးသည်… ထိုထိုင်ခုံများပေါ်တွင် အေးဆေးစွာ ထိုင်ကြည့်ကြသည်။ ထိုအထဲမှ လူနာတယောက်က သတင်းစာတစ် ရွက်ကို ခုံပေါ်တွင် ခင်းပြီးထိုင်ကြည့်လေသည်။ ဆေးရုံအုပ်ကြီးသည်လည်း အနည်းငယ် အကဲခေတ်ပြီး ဒီလူနာသက်သာပြီဟု သတ်မှတ်ပြီး အိမ်သို့ပြန်ခွင့်ပြုလိုက်သည်။
အိမ်ေ၇ာက်သော်…လူနာကို သူဧ။် မိခင်ကမေးသည်..
" သားလေး ka ka သားလေးကလေ အရမ်းတော်တာပဲ ခုံမှာဆေးတွေ သုပ်ထားတာ သိတယ်နော်။ "
" ဘာလို့လည်း ဗျ "
" သား ရုပ်ရှင်ကြည့်တော့ ခုံပေါ်မှာ သတင်းစာခင်းပြီးထိုင်လိုက်တယ်လေ " ဟု မိခင်မှ ပြောသောအခါ
ka ka လည်း မျက်လုံးလေ ပေကလပ် ပေကလပ်နဲ့ စဉ်းစားပြီး
" အာ …ဟုတ်ပါဝူး…လူတွေအများကြီး သားေ၇ှ့မှာကွယ်နေတာကို…..မမြင်ရလို့ ပိုမြင့်သွားအောင် သတင်းစာ ခင်းလိုက်တာ…
မြန်မာလောလုံးချစ်သူများဆိုဒ်မှကူးယူဖော်ပြပါသည်။
ပျော်ရွှင်ရယ်မောနိုင်ကြပါစေ..........
ကျော်ပျော် (lamineiant@gmail.com)

No comments:

Post a Comment