Friday 18 November 2011

ဆရာမ

-- အဒီအတန်ပိုင် ဆရာမကထူးခြားတယ် ၊ ကျောင်းသားတွေအပေါ်မှာလဲဂရုစိုက်
တယ် ။ သူသောကြာနေ့တိုင်ထူးခြားတာလုပ်လေ့ရှိတယ် အဒါကကျောင်းသားတွယ်ကိုမေးခွန်းမေးတာ ဖြေနိုင်တဲကျောင်းသားတနင်္လာနေ့ ကျောင်းလာစရာမလိုဘူး အင်္ဂါနေ့ မှစတက်ရုံဘဲ။

ကျောင်းဖွင့်ပြီ ပထမ အပတ် သောကြာနေ့ ဆရာမ အတန်းထဲကိုဝင်လာ သည် ၊ ကဲ ဒီတစ်ပါတ် မေးခွန်းက

" ကမ်းခြေ တစ်  ခုမှာ သဲပွင့် ဘယ်နှစ်ပွင့် ရှိလဲ ?"
မည်သူ မျမဖြေနိုင် ကြ

ဒုတိယ အပတ်  သောကြာနေ့ ဆရာမ အတန်းထဲကိုဝင်လာ သည် ၊ ကဲ ဒီတစ်ပါတ် မေးခွန်းက

" မနေ့ညက ကြယ် ဘယ်နှပွင့် ကောင်းကင်ပေါ်မှာရှိလဲ?"

ယခင်အပါတ်အတိုင်း  မည်သူ မျမဖြေနိုင် ကြ

အဒီ ကျောင်းသားတွေ ထဲက ဂျုံး ဆိုတဲကျောင်းသားကစဉ်းစာတယ် နောက်တစ်ပါတ် ဆရာမမေးခွန်းကိုဘာလိုရအောင်ဖြေရမလဲ၊ ကျောင်း၃ရက်ဆက်တိုက် နားရအောင်ဘာလိုလုပ်ရမလဲဆိုပြီ ။

  သောကြာနေရောက်ရှိလာပြီ ၊ရာမ အတန်းထဲကိုဝင်လာ သည် ၊" ကဲ ဒီတစ်ပါတ် မေးခွန်းက " 

ထိုအချိန်  ဂျုံး မှာ စက္ကူ ဘောလုံး ကို  ကျောက်သင်ပုန်း သို့လှမ်းပြစ်လိုက်သည်၊

 ဆရာမ  " ဒီ  စက္ကူ ဘောလုံး ဘယ်သူပြစ်တာလဲ?"

 ဂျုံး  ချတ်ချင်းထ၍ ဖြေလိုက်သည်

" ကျတော်ပါဆရာ မ ၊ မေးခွန်းဖြေနိုင်တဲအတွက် လာမည် တနင်္လာနေ့ ကျနော်ကျောင်းမလာပါဘူး

၁။ ချစ်လိုက်တာ
             
                "ခင့်ကိုလေ မောင်က အသည်းထဲ အူထဲက စွဲစွဲမြဲမြဲ ချစ်နေမိပြီ ခင်ရယ်"
                "ရှင်တော်တော် ခေါင်းမာပါလား၊ ရှင်ကို ပြန်မချစ်နိုင်ဘူးလို့ မနေ့ ကျွန်မ အပြတ်ပြောလိုက်ပြီလေ"
                "အော်...မနေ့က ငြင်းလိုက်တာ ခင်ဗျားကို"


၂။ စဉ်းစာရခတ်တယ်

               "ဟေကောင် သိန်းထီပေါက်တာ မင်းမိန်မကို ဘာလို့မပြောလဲ၊ သူပျော်ရမဲ့ ဟာကို"
               "ဘယ်က ပိုက်ဆံရလို့ ထီထိုးတာလဲလို့ မေးရင်ဘယ်လိုဖြေမလဲ"

၃။ ကူညီသူများ

              သူငယ်ချင်းမ နှစ်ယောက် စကားပြောနေကြသည်။
                 " ဂျွန်ကို မမေ့နိုင်အောင် ကူညီတဲ့ အတွက် ဂျင်မီကို အိုင်သိပ်ကျေးဇူးတင်တာပဲ"
                 " ဂျွန်ဆိုတာ ဘယ်သူလဲ "
                 " ဂျက်ကို မမေ့နိုင်အောင်ကူညီခဲ့တဲ့လူလေ"

၎။ ကွားချားချက်

              ဆရာမကမေးသည်။
                 " " အိမ်" ဆိုတဲ့နာမ်ပုဒ်နဲ့ " ကျောင်းသား " ဆိုတဲ့နာမ်ပုဒ် ဘယ်လို ကွာခြားမှုရှိလဲ "
              တစ်တန်းလုံး ငြိမ်နေကြသည်။ နောက်ဆုံးတွင် ပီတာလေး ထပြီးဖြေသည်။
                 " အိမ် က ပိုကြီးပါတယ်"

၅။ အကြံပေတာပါ

            " မြို့နယ် မီးသတ်ကပါလား"
            " ဟုတ်ပါတယ်"
            " ခင်ဗျားတို့ ဆီမှာရေရှိလား "
            " ရှိပါတယ်၊ ဒါနဲ့ဘာ ဖြစ်လို့လဲ၊ မီးလောင်လို့လား"
            " မလောင်ပါဘူး၊ ခြေထောင်ဆေးပြီး အိပ်တော့လို့ပြောမလို့ပါ" ဟုတစ်ဖက်ကပြောပြီး ဖုန်းကိုချသွားတော့သည်။

၆။ ပြောတော့မှ လာမယ်

           ဆရာဝန်က လူနာကို အကြာကြီး စမ်းနေသည်။
             " နားကိုမလည်ဘူး၊ ဘာရောဂါမှ အစရှာလို့မရဘူး၊ ဧကန္တ အရက်ကြောင့်ပဲထင်တယ်"
             " ဒီလိုဆိုကောင်းပါပြီ ဒေါက်တာ၊ ဒေါက်တာ အမူးပြေမှ နောက်တစ်ခေါက် လာခဲ့ပါ့မယ်"

၇။ ရှူး.....တိုးတိုး

           " သူငယ်ချင်း... မီးအာမခံလုပ်ထားတဲ့ မင်းအိမ် မီးလောင်သွားတယ်လို့ ကြားတယ်၊ ဟုတ်လား"
           " ရှူး...တိုးတိုး၊ မလောင်သေးဘူးကွ၊ သာဘက်ခါမှ"

၈။ သူဋ္ဌေး

           " ခင်ဗျားမှာ ဘာလို့ မော်တော်ကား မရှိတာလဲ၊ ငွေတွေ အများကြီးရှိရဲ့သားနဲ့ဗျာ "
           " ဒါကြောင့်လဲ ငွေတွေ များနေတာပေါ့"

၉။ ခွေးလိမ္မာ

           " ကျွန်တော့်ခွေးယာ သိပ်လိမ္မာတဲ့ကောင်ဗျ၊ မနက်တိုင်း သတင်းစာယူပေးတယ်။"
           " ဒါများအဆန်းလုပ်လို့ ၊ ခွေးတွေတော်တော် များများဒီလိုဘဲ ကိုယ့်သခင်အတွက် သတင်းစာယူပေးနေကြတာပဲ့"
           " မဟုတ်ဘူးလေ၊ ကျုပ်က သတင်းစာ လပေးယူတဲ့ လူမဟုတ်ဘူးဗျ"

၁၀။ ရှိပြီးသား

         " အုပ်ချုပ်ရေးမှုးခင်ဗျာ၊ ဧည့်သည်တစ်ယောက်ရောက်နေပါတယ်၊ သူမှာ နုတ်ခမ်းမွှေးနဲ့"
         " သူ့ကိုပြောလိုက်ပါ၊ ကျွန်တော့်မှာ နှတ်ခမ်းမွှေးရှိပြီးသားလို့" 
1.၀မ်းနည်းပါတယ်

“ဘူးတာရုံကိုသွားဖို့ အတိုဆုံးလမ်းကို ကျေးဇူးပြုပြီး ညွန်းပြစေချင်ပါတယ်”

“၀မ်းနညမ်းပါတယ် ၊ မပြနိုင်ပါဘူး”

“ အော် ၊ ခင်ဗျားက ဒီအရပ်က မဟုတ်ဘူးနဲ့ထင်တယ်”

“ဒီအရပ်သားပါပဲ ၊ ဒါပေမယ့် ကျွန်တော်က တက္ကဆီသမားပါ”


2.ပိန်ဆေး

“ဂျင်နီ ၊ ယူ့ယောင်္ကျား အတော့်ကို ပိန် သွားပါလား ၊ ဘာဆေးသောက်သလဲ”

“ဘာဆေးမှ မသောက်ပါဘူး ၊ နေ့တိုင်းငါးသွားမျှားတယ်”

“ငါးမျှားတာနဲ့ ပိန်တာ ဘာဆိုင်လို့လဲ”

“ဆိုင်တာပေါ့ ၊ သူက သူမျှားလို့ ရတဲ့ငါးနဲ့မှ ထမင်းစားတာလေ”


3.မတွန်းနဲ့

ဘတ်စ်ကားပေါ်တွင်

“ခင်ဗျား ကျွန်တော်ကို ချည်းဘာဖြစ်လို့ တွန်းနေရတာလဲဗျာ”

“ကားက ဒီလောက်ကျပ်နေတဲ့ ဥစ္စာ လူရွှေးတွန်းနေရအုန်းမှာလား ဗျ”


4.ဆေးကောင်း

အလုပ်သင်ဆရာဝန်မှ ၀ါရင့်သမားတော်ကြီးအား မေးသည်။

“ဒေါက်တာခင်ဗျာ ၊ ချောင်းဆိုးရောဂါအတွက် ၊ ဘာဆေးညွန်းပေးလေ့ ရှိပါသလဲဗျာ”

“၀မ်းနှုတ်ဆေး”

“ဘာ ၊ ဘာ ၀မ်းနှုတ်ဆေး ၊ ဟုတ်လား ၀မ်းနှုတ်ဆေးက ချောင်းဆိုးတာကို
သက်သာစေလို့လားဗျာ”

“၀မ်းနှုတ်ဆေးစားထားတဲ့ လူတစ်ယောက်က တော်ရုံ ၊ တန်ရုံနဲ့
ဘယ်ချောင်းဆိုးရဲတော့မလဲ ၊ စဉ်းစားကြည့်စမ်းပါ”


5.ငါမဟုတ်ဘူး

သစ်ခုတ်သမား နှစ်ဦးသည် အိမ်တစ်အိမ်၏ ရှေ့တွင် ရပ်လိုက်ပြီး တံခါးကို
ခေါက်လိုက်သည်။

“နေကောင်းရဲ့လား ၊ ဂျက်”

“ကောင်းတယ် ၊ သူငယ်ချင်းတို့”

“ငါနဲ့ အယ်ဒီနဲ့ အခုပဲတောထဲမှာ လူသေ အလောင်းတစ်လောင်းတွေ့ခဲ့တယ် ၊ ငါတို့က
သေတဲ့သူက မင်းထင်လို့”

“ဒါနဲ့ သူပုံပန်းက ဘယ်လိုရှိလဲ”

“အရပ်အမောင်းက မင်းအရွှယ်ပဲ”

“ရှပ်အင်္ကျီ အနီရောင်နဲ့လား”

“မဟုတ်ဘူး အညိုရောင်ကွ”

“ဒါဆိုရင်တော့ ငါ မဟုတ်ဘူး”


6.ခေတ်ဆိုး

ဆိုင်တစ်ဆိုင်ကိုဖောက်ခိုးနေသော သူခိုးကို ရဲသားက လက်ပူး လက်ကြပ်မိသွားသည်။

ရဲသား - “ မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ”

သူခိုး - “ကျွန်တော်အိမ်နဲ့ နီးလို့ပါ ၊ သိတဲ့အတိုင်းခေတ်က မကောင်းတော့
အိမ်ကိုပစ်ပြီး အကြာကြီး မသွားချင်လို့ပါဗျာ”


7.သိရအောင်ပါ

ဆံရှည်ကိုယ်တော်တစ်ဦး ဆံပင်ညှပ်နေစဉ် ဖြစ်သည်။

လူငယ်“ဆံပင်ညှပ်နေတုန်းမှာ ဘာဖြစ်လို့ ကျွန်တော် နှာခေါင်းကို
ကိုင်ထားရတာလဲဗျာ”

ဆံပင်ညှပ်ဆရာ “အော် ဒါလား ၊ မင်းမျက်နှာ ဘယ်ဘက်မှာ ရှိလဲဆိုတာ သိရအောင်လိုပါ”


8.အရှုံးပေးပါပြီ

ဇိမ်ခံ သင်္ဘောပေးတွင် လိုက်ပါလာလာ ခရီးသည်များအား ဖျော်ဖြေရန်မျက်လှည့်စရာ
တစ်ဦးက မျက်လှည့်ပြသည်။ သင်္ဘောပေါ်မှ ကြက်တူရွှေးသည် မျက်လှည့်ဆရာ
မျက်လှည့်ပြသည့်အခါတိုင်း

အမျိုးမျိုး ဒုက္ခပေးလေသည်။

“ဖဲချပ်တွေ သူ့လက်ထဲမှာ ”

“ သူထုပ်ပြတဲ့ ယုန်ုဟာ အစစ်မဟုတ်ဘူး ၊ ပလစ်စတစ်” ထိုသို့ မျက်လှည့်စရာ၏
လျို့ဝှက်ချက်များကိုကြက်တူရွှေးက ဖော်ထုတ်နေသည်။မျက်လှည့်စရာလဲ ရှက်ရှက်နဲ့
အောင့်အီးသည်းခံ နေရလေသည်။တစ်နေ့တွင် သင်္ဘောနစ်မြုပ်ပြီး မျက်လှည့်ဆရာ ၊
ကြက်တူရွှေး ၊

သစ်သားတစ်ချပ်သာ ရေပေါ်တွင် ကျန်နေ၏။ မျက်လှည့်ဆရာလည်း သစ်သားပြားကို ဆွဲယူကာ
ရေပေါ်တွင် ကိုယ်ဖော့နေလေသည်။ထိုအခါ ကြက်တူရွှေးက “ ကျွန်တော် အရှုံးပေးပါပြီ
ခင်ဗျာ ၊ ဒါပေမယ့် သင်္ဘောကို ခင်ဗျားဘယ်မှာ ၀ှက်ထားသလဲဆိုတာတော့
ပြောပြသစမ်းပါ”ဟုဆိုလိုက်သည်။


9.တစ်ခုပဲ

အိပ်ခန်းအသစ်ရသူကို ရုံးမှ လုပ်ဖော်ကိုင်ဖက်များက ၀မ်းသာ စကားပြောကြသည်။

“အိပ်ခန်းမှာ ဘာချို့ယွင်းချက်တွေ တွေ့လဲဗျ”

“လောလောဆယ်တော့ တစ်ခုပဲ”

“ချို့ယွင်းချက် တစ်ခုတည်း ဟုတ်လား ၊ဒါဆိုကံကောင်းတယ်ဆိုရမယ်၊ ဒါနဲ့
ဘာချို့ယွင်းချက်လဲ”

“အ၀င်တံခါးဖွင့်ကို ဖွင့်လို့ကို မရဘူး”


10.ချစ်သူတွေ ၀ိုင်းဝိုင်းလည်

မိန်းမ-“အပျို ဘ၀တုန်းကများ ကျွန်မကို ပိုးပန်းတဲ့ လူတွေ အများကြီးပဲ ၊ ကျွန်မက
အာလုံးကိုငြင်းခဲ့တာရှင့်”

ယောင်္ကျား-“အဲ့ဒီလူစုထဲမှာ ငါမပါတာ ၀မ်းနည်းလိုက်တာ”
ယုံပါ

လူတစ်ယောက်က သူ့ သူငယ်ချင်းကိုဆေးခန်းလိုက်ပို့ ပြီး ဆေးခန်းမှဆရာဝန်ကို...

"ဒီတစ်ခါ သူစိတ်ဖောက်တာတော်တော်ကြမ်းတယ်ဆရာ"

"ဟုတ်လား ဘာတွေလုပ်သလဲ"

"သူ့ ယောက္ခမကြီးကို ကျွန်တော့်မိကျောင်းကန်ထဲတွန်းချတယ်ဆရာ"

"ဘာဖြစ်သွားသေးလဲ"

"မိကျောင်းနှစ်ကောင်သေသွားတယ်ဆရာ"

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

ပြောရမှာခက်တယ်

မိန်းမဖြစ်သူမီးဖွားတော့မည်ဖြစ်သောကြောင့် ယောက်ျားဖြစ်သူကဆရာဝန်ကို

ဖုန်းဆက်ခေါ်သည်။ ဆရာဝန်မကြီးရောက်လာပြီး.....

"လူနာရော"

"အခန်းထဲမှာ"

"ရှင် အပြင်မှာနေနော်"

"ဟုတ်ကဲ့"

ခဏလေးကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး

"ကျောက်လှည့်ရှိရင် အမြန်ပေးပါ"

"ဟုတ်"

ယောက်ျားဖြစ်သူကယူပေးလိုက်တယ်။ ဆရာမကြီးက၀င်သွားပြီး

ပြန်ထွက်လာတယ်။

"ပလာယာပါလို ချင်တယ်"

"ဟုတ်"

တစ်မိနစ်လောက်ကြာတော့

"စို့ နဲ့ တူသာပေးပါတော့"

ဒီတော့လူနာရှင်ကစိုးရိမ်ပြီး-

"ဗျာ လူနာရဲ့ အခြအနေကတော်တော်ဆိုးလို့ လား"

"မပြောတတ်သေးဘူးရှင် ဆေးသေတ္တာကိုဖွင့်လို့ မရသေးလို့ "


♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


နောက်မဖြစ်အောင်

ဆေးခန်းကို လက်မှာဒါဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။

ဒီတော့ဆရာဝန်က.....

"ဘယ်လိုဖြစ်တာလဲ"

"ကားတံခါးဆွဲပိတ်လိုက်တာ လက်ညှပ်သွားလို့ "

"ခင်ဗျားမူးနေရင်တော့ဒီလို့ ခဏခဏဖြစ်နေမှာပဲ"

"နောက်မဖြစ်တော့ပါဘူး ဆရာ"

"အရက်ဖြတ်မယ်ပေါ့"

"ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ"


♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

မဟုတ်ဘူးလား

စိတ်ရောက်ဂါကုဆရာဝန်က သူ့ ရဲ့ လူနာကိုမေးတယ်.........

"၁၀၀ ထဲကနေ ၁ နှုတ်ရင် ဘယ်လောက်ကျန်သလဲ"

လူနာကအတော်ကြာကြာ စဉ်းစားပြီးမှ....

"သုံည (၂) လုံးကျန်မယ်ဆရာ"
 

No comments:

Post a Comment