Friday 6 January 2012

သူငယ်ချင်းတို.ရေ သိပြီးပြီလား... (၁)

သူငယ်ချင်းတို.ရေ သိပြီးပြီလား... (၁)

သူငယ်ချင်းတို.ရေ အခု အောက်မှာပြောထားတာတွေသိပြီးပြီလားဗျ.. ကျနော်လဲ တချို.ဟာတွေကို အခု ဒီပို့စ်တင်ဖို.ရှာမှသိရတယ်.. အချို.ဟာတွေလဲ ဆက်ရှာနေတုန်း..
မသိသေးတဲ့ သူငယ်ချင်းများလဲ ဗဟုသုတရကြပြီး သိပြီးသားသူငယ်ချင်းများကလဲ အရင်သိထားတာတွေပြန်မှတ်မိနိုင်ကြပါစေဗျာ..
လူတွေသိပ်သတိမထားမိကြတဲ့ ပေါက်ပေါက်ရှာရှာ ထူးထူးဆန်းဆန်းလေးတွေ. လေ့လာလိုက်ကြရအောင်ဗျ။

ပိုးဟပ်















ပိုးဟပ်တကောင်က ခေါင်းပြတ်သွားတာတောင် အနည်းဆုံး ၂ပတ်လောက် အသက်ဆက်ရှင်နိုင်ပါတယ်တဲ့ဗျာ.. နောက်ဆုံး သေသွားရတယ်ဆိုတာတောင် အစာမစားရလို.သာဖြစ်ပါတယ်တဲ့...


မိကျောင်း












တိရိစ္ဆာန်သွားဆေးကုဆရာဝန်တွေဆိုရင်တော့ တော်တော်စိတ်ပျက်မှာပဲ.. မိကျောင်းတွေရဲ.သွားဟာ လူတွေလိုမဟုတ်ပဲ... အသက်ရှင်နေသမျှကာလပတ်လုံး အမြဲတမ်းအသစ်ပြန်ထွက်နိုင်ပါသတဲ့ဗျာ...

ရေမြင်း





















ရေမြင်းတကောင်ဟာ အရပ် ၄ပေမြင့်တဲ့ လူငယ်တယောက် မတ်တပ်ရပ် ၀င်လို.ရလောက်တဲ့ထိ သူ.ပါးစပ်ကို ဟနိုင်ပါတယ်။

ဝတ်ရည်စုပ်ငှက်













ဝတ်ရည်စုပ်ငှက်လေးတကောင်ရဲ. အလေးချိန်ဟာ ၃ ဂရမ်သာရှိပါတယ်။ အခြေခံအားဖြင့်ပြောရရင် မြန်မာနိုင်ငံမှာရှိတဲ့ တခါသုံးခေါင်းလျော်ရည်ထုပ်လေးတွေက တထုပ်ကို ၈၊ ဒါမှမဟုတ် ၉ဂရမ်ရှိတာဆိုတော့ ၀တ်ရည်စုပ်ငှက် ၃ကောင်ပေါင်းမှ တခါသုံးခေါင်းလျှော်ရည်ထုပ်လေး ၁ထုပ်စာပဲ အလေးချိန်ရှိပါတယ်။ ပြီးတော့ အရွယ်ရောက်ငှက်တကောင်က တနေ.ကို သူတို.ကိုယ်အလေးချိန်ရှိတဲ့ ပန်းဝတ်ရည်တွေသောက်တယ်တဲ့.. လူတွေအနေနဲ.ကြည့်ရင် တနေ. ပေါင် ၉၀လောက်အလေးချိန်ရှိတဲ့ အစားအသောက်တွေ စားနေတာနဲ.တူတူပါပဲ။

မိုးလ် (မြန်မာအခေါ် ပွေး)














    မိုးလ် (မြန်မာအခေါ် ပွေး) တွေဟာ ပုပုလုံးလုံး လေးတွေနဲ. ချစ်စရာကောင်းပါတယ်။ မြေထဲမှာသာအနေများကြတဲ့ တွင်းအောင်းသတ္တ၀ါတွေဖြစ်ပါတယ်။ အကောင်သေးပေမယ့် အထင်မသေးနဲ.နော် တညထဲနဲ. ပေ ၃၀၀ ရှည်တဲ့လှိုင်ခေါင်းတခုတူးနိုင်တယ်တဲ့ဗျ။

ခရု





















ခရုတကောင်ဟာ ရာသီဥတုပေါ်မူတည်ပြီး ၃နှစ်လောက်ဘာမှမလုပ်ပဲ အိပ်နေနိုင်သတဲ့ဗျာ.။ ကျနော်လဲအလုပ်မရှိရင် ခရုတကောင်သာဖြစ်လိုက်ချင်တယ်း)

ပိုလာ ၀က်ဝံ


















ကဲ.. ဘယ်သန်သူငယ်ချင်းများအတွက်သတင်းဗျ.. ပိုလာ ၀က်ဝံတွေဟာလဲ ဘယ်သန်တွေပါပဲတဲ့ ..

လိပ်ပြာ


















ကဲ... သူတို.ကြမှ ထူးထူးခြားခြား အရသာခံအာရုံက ခြေထောက်မှာတဲ့ဗျာ... လူတွေမှာသူအဲ့လိုဆိုရင် လက်ဖျား ခြေဖျားတွေမှာ လျှာတွေပေါက်နေရင် ကြက်သီးထစရာကြီးဗျာ.. တွေးကြည့်တာပါး)
အဲ နောက်တခုက Butterfly ဆိုတဲ့ သူတို.နာမည်ရဲ. ဟိုးးးအရင်မူရင်းနာမည်က Flutterby (Flutter = တောင်ပံခတ်သည်၊ တဖျပ်ဖျပ်ပျံသည်) ပါတဲ့။

သစ်ကုလားအုပ်





















လက်ရှိ တိရိစ္ဆာန်တွေထဲမှာ လည်ပင်းအရှည်ဆုံးဖြစ်တဲ့ သစ်ကုလားအုပ်ပါ ၇ပေကျော်ရှည်လျားပါတယ်။ ဒါပေမယ့် လူတွေနဲ.တူနေတဲ့ တချက်ရှိတယ် လည်ပင်းအရှည်တော့မဟုတ်ဘူး သစ်ကုလားအုပ်တွေရဲ. လည်ပင်းအရိုးဖွဲ.စည်းပုံနဲ. လူတွေရဲ.လည်ပင်းအရိုးဖွဲ.စည်းပုံချင်း အတူတူဖြစ်နေတာပါ။ သူတို.လဲ လူတွေလိုပဲ လည်ပင်းရိုးဆစ် ၇ဆစ်နဲ.ဖွဲ.စည်းထားပါတယ်။ ပြီးတော့ သူတို.မှာ အရှုပ်ထွေးဆုံး နှလုံးအလုပ်လုပ်ပုံ ရှိပါတယ် ဘာလို.လဲဆိုတော့ နှလုံးအထက်သို. များစွာမြင့်နေတဲ့ ဦးနှောက်ဆီကို သွေးတွေရောက်အောင် ကမ္ဘာ.ဆွဲအားကို ဆန်.ကျင်ပြီး ညှစ်ပို.နိုင်ဖို.ကတော်ရုံညှစ်အားနဲ.မဖြစ်နိုင်သလို မြေပြင်သို.ထိအောင် ဦးခေါင်းကိုငုံ.လိုက်တဲ့အခါမှာလဲ နှလုံးအောက်ဘက်သို.များစွာနှိမ့်ကျသွားလို. ဦးနှောက်သွေးကြောထဲ သွေးဖိအားဆောင့်မ၀င်စေအောင် နှလုံးရဲ. ရှုပ်ထွေးတဲ့ စနစ်နဲ.ထိမ်းချုပ်ထားပါတယ်။

လင်းပိုင်













ချစ်စရာကောင်းပြီး ဥာဏ်ရည်ထက်တဲ့ လင်းပိုင်က တိရိစ္ဆာန်တွေအားလုံးထဲမှာ ဒုတိယဥာဏ်ရည်အမြင့်ဆုံးပါ သူတို.မှာထူးခြားတဲ့ဦးနှောက်အလုပ်လုပ်ပုံရှိတယ်။ အဲ့ဒါကတော့ သူတို.ဦးနှောက်မှာ အပိုင်း ၂ပိုင်းရှိပြီး ၂ပိုင်းစလုံးက အလုပ်လုပ်နိုင်ပါတယ် ဒါကြောင့် သူတို.ကအိပ်တယ်ဆိုတာမရှိပဲ ဦးနှောက်တပိုင်းအိပ်နေရင် နောက်ဦးနှောက်တပိုင်းက အလုပ်လုပ်တယ်။ ဒါကြောင့် လင်းပိုင်းတွေလှုပ်ရှားသွားလာနေလဲ သူတို. ဦးနှောက်တခြမ်းက အိပ်ချင်အိပ်နေတာ... မိုက်တယ်နော်း)

အပြာရောင် ပုဇွန်ထုပ် (Blue Lobster)
















ပုဇွန်ထုပ် ဆိုတာမထူးဆန်းပေမယ့် ဒါကတော့ အလွန်ရှားပါးတဲ့ အပြာရောင်ပုဇွန်ထုပ်ပါ အကောင်ရေ ၂သန်းမှာမှ ၁ကောင်သာရှိနိုင်ပါတယ်တဲ့။

အ၀ါရောင် ပုဇွန်ထုပ် (Yellow Lobster)















အပြာရောင်က ၂သန်းမှာ ၁ကောင်ပဲရှိလို.အံ့သြနေတာ အခုက အ၀ါရောင် ပုဇွန်ထုပ်တဲ့ဗျာ သူကတော့ အကောင် သန်း ၃၀ မှာ ၁ကောင် နှုန်းသာရှိပါသတဲ့။

နှစ်ရောင်စပ် ပုဇွန်ထုပ် (Split Coloured Lobster)
 



















နှစ်ရောင်စပ် ပုဇွန်ထုပ်တဲ့ဗျာ ပုံကိုသာကြည့်ပါတော့ တခြမ်းစီကြီး ကျနော်လဲ ပုံကြည့်တော့မယုံဘူးဗျ youtube မှာရှာကြည့်တော့မှ တကယ်ကိုရှိတာ။ ဒါလဲ အရှားပါးတကာ့ အရှားပါးဆုံးထဲမှာပါတယ် သန်း ၅၀ မှာမှ ၁ကောင်နှုန်းသာရှိပါတယ်တဲ့။
နေဦးဗျ ဒါအရှားပါးဆုံးမဟုတ်သေးဘူး။

အဖြူရောင် ပုဇွန်ထုပ် (Albino Lobster)





















ဒါကတော့ နှင်းလို ဆွတ်ဆွတ်ဖြူနေတဲ့ အဖြူရောင် ပုဇွန်ထုပ်ပါ သူကတော့ ပုဇွန်ထုပ်တွေထဲမှာ အရှားပါးဆုံးပဲဖြစ်ပြီး အကောင်ရေ သန်း ၁၀၀ မှာမှ ၁ကောင်သာတွေ.နိုင်ပါတယ်တဲ့။ ပုံလေးပဲမြင်ရတာတောင် ကံကောင်းတယ်ဆိုရမလိုဖြစ်နေပြီး)

ကဲ...... ဘော်ဒါအပေါင်းတို.
ပိုစ့်လဲ တော်တော်ရှည်သွားပြီ မန်နေဂျာကလဲ အလုပ်မလုပ်လို. ကြည့်နေပြီဆိုတော့ ဒီလောက်နဲပဲတော်လိုက်တော့မယ်ဗျာ
နောက်မှ ဆက်ကြသေးတာပေါ့..
သူငယ်ချင်းအားလုံးကို ကျေးဇူးးး                       Mark ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
ကျော်ကျော်(lamineiant@gmail.com)

No comments:

Post a Comment