Monday 2 January 2012

Gmail သုံးသူ အားလုံး သို့ အသိပေးစာ ( အားလုံး ဖတ်ပါရန် )

Gmail သုံးသူ အားလုံး သို့ အသိပေးစာ ( အားလုံး ဖတ်ပါရန်                                     ဥယျာဉ်မှူး ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

မင်္ဂလာပါ

Gmail အကောင့်တွေနဲ့ ပတ်သက်ပြီး

အားလုံး သိသင့်သော အချက်တစ်ချက်ရှိလို့ ကျွန်တော် ဘာသာပြန်ရေးသားအသိပေးလိုက်ပါတယ်

မဖြစ်မနေလဲ သိထားသင့်တာကြောင့် အားလုံး ဖတ်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ ။


Google ရဲ့ Policy အသစ် အရ 3.9.2010 မှာ

Information you provideဆိုတဲ့ Verify လုပ်မယ့် လုပ်ဆောင်ချက် အသစ်တစ်ခု တိုးလာခဲ့ပါတယ် ။


နားမလည်သူများ အဖို့ တော့ အစပိုင်းမှာ သုံးနေသော်လည်း

Ip Address ( အသုံးပြုသူတည်နေရာ ) ပြောင်းသွားတာနဲ့ သင့် gmail အား Verify လုပ်စေတော့မှာ

ဖြစ်ပါတယ် ။


ယခု ရက်ပိုင်း Google မှာ အကောင့်တိုင်းအား Verify your information ဆိုသော

အကြောင်းကြားစာတန်းရောက်နေပါလိမ့်မယ်

ထိုနေရာတွင် သင်နေထိုင်သော တိုင်းပြည်မှာ SMS Service ရှိပါက

ဖုန်းနံပတ် အတည်ပြုတောင်းဆို မှာဖြစ်ပြီး


SMS မရှိသော တိုင်းပြည်များအတွက် အခြားသော email လိပ်စာ ဖြည့်စွက်ပေးရမှာ

ဖြစ်ပါတယ် ။



အကယ်၍ သင်သည် ဖုန်းနံပတ်ဖြင့် Verify လုပ်ပါက သင့်ဖုန်းသို့ Verification Code

6 လုံး အား SMS ပို့ပေးမှာ ဖြစ်ပြီး ထို ဂဏန်း 6 လုံးဖြင့်

သင့် အကောင့်အား အတည်ပြုရန် လိုပါလိမ့်မယ်

ထိုသို့ Verify လုပ်ပြီးပါက သင့် email အား တစ်ခြားသူ မတရား ဝင်ရောက်ခြင်း

Hecking လုပ်ခြင်း ၊ Password ပြောင်းသွားခြင်းများကို

အလိုလျှောက်ကာကွယ်ပြီးသား ဖြစ်သွားပါပြီ ။

ကောင့် ဖွင့်မရတော့ပါက ထိုဖုန်းနံပတ်သည် သက်သေအဖြစ် ပိုင်ရှင်မှန်ကို

အတည်ပြုပေးမည်ဖြစ်ပြီး ၊

အချိန်မရွေး ဖုန်းနံပတ်ဖြင့် သင့်အကောင့်အား ပြန်လည်ယူလို့ရပါပြီခင်ဗျာ

ကျွန်တော် လွန်ခဲ့တဲ့ ရက်က email 3 ခုတိတိ ပြန်လည်ရယူပေးနိုင်ပါတယ် ။

မဖြစ်မနေလဲ လုပ်ထားသင့်ပါတယ် .. ။


မြန်မာပြည်မှ သူငယ်ချင်းများအတွက်မူ

မတူညီသော email လိပ်စာ တစ်ခု ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်

ထိုသို့ ဖြည့်စွက်ပြီး Verify လုပ်လိုက်ပါက ထို email သို့ Verify ကုတ် email

ရောက်ရှိလာပါလိမ့်မယ် ဤသို့ ပြုလုပ်ပြီးက သင် email အား

သူတစ်ပါး ခိုးယူသုံးစွဲခြင်း ရန်မှ အထိုက်အလျှောက်ကာကွယ်ပြီးသားဖြစ်ပါပြီ ။


Google မှ ထုတ်ဖော်အသိပေးထားသော Notice အား
လေ့လာနိုင်ရန် ထည့် ပေးလိုက်ပါတယ်

Information you provide
When you sign up for a Google Account, we ask you for personal information. We may combine the information you submit under your account with information from other Google services or third parties in order to provide you with a better experience and to improve the quality of our services. For certain services, we may give you the opportunity to opt out of combining such information. You can use the Google Dashboard to learn more about the information associated with your Account. If you are using Google services in conjunction with your Google Apps Account, Google provides such services in conjunction with or on behalf of your domain administrator. Your administrator will have access to your account information including your email. Consult your domain administrator’s privacy policy for more information.

______________________________________________________________

ထပ်မံအသိပေးရန်ရှိတာက hecking လို့ခေါ်တဲ့ ခိုးယူ အသုံးပြုခြင်းမှ

ကာကွယ်ရန် အတွက် အချက် 6 ခုတိတိ လိုက်နာရန်လိုအပ်ပါတယ်ခင်ဗျာ ။

အချက်အားလုံးမလိုက်နာနိုင်လျှင်တောင် တစ်ခုတည်းကိုတော့ မှတ်သားပါ

မရင်းနှီးသော မည်သည့် Link ကိုမှ မကလစ်ပါနှင့်

အစပိုင်းက ကျွန်တော် ရေးသား ပေးပြီးသားပါ မဖတ်ရသေးသူများအတွက်ကတော့

ကျွန်တော် အောက်မှာ ဖတ်နိုင်တဲ့နေရာကို လင့်ပေးထားပါတယ်


ဒီမှာ ဖတ်ပါ



ကျွန်တော် အင်တာနက် အသုံးပြုတဲ့ သက်တမ်း တစ်လျှောက်လုံး သိခဲ့တာတွေနဲ့တကွ

နိုင်ငံတစ်ကာ အတွေ့အကြုံများ အပါအဝင်

Google Platform မှ ပညာရှင်များရေးသားခဲ့တာကို ဘာသာပြန်ဖော်ပြထားပေးပါတယ်

ဒီစာအပြီး မဖတ်ရသေးပါက သွားရောက် ဖတ်ရှု့စေချင်ပါတယ် ။



______________________________________________________________နောက်တစ်ချက်က

1.4.2004 မှာ စတင်ခဲ့တဲ့ Gmail ဝန်ဆောင်မှု့ ကနေ ယနေ့ အထိ ကျွန်တော် လက်လှမ်းမှီသလောက်


လေ့လာပြီး ဆောင်ရန်ရှောင်ရန် အားလုံး ကျွန်တော် အသိပေး မျှဝေခဲ့ပါတယ်

ခုလည်း ကျွန်တော် ထပ်မံအသိပေးတာပါ

ကျွန်တော် အသိပေးချင်တာ ရှိပါတယ်

လူသုံး အလွန်နည်းတဲ့ igoogle ပါ

သူကgmail လို မဟုတ်ပဲ မိမိနှစ်သက်ရာ Widget တွေနဲ့ မိမိ အကောင့်ကို

ပြင်ဆင်နိုင်ပြီး လိုင်းနှေးလို့ gmail ကနေ ချတ်မရတဲ့

အခက်ခဲကို ဖြေရှင်းပေးထားပါတယ်

တစ်ချို့က gtalk ကနေ မချတ်ပဲ စာလဲ ဖတ် ချတ်လဲ ချတ်လုပ်ရသူတွေ အတွက်

အထူးသဖြင့် အင်တာနက် လိုင်း နှေးနေတဲ့ နေရာတွေ မှာ အလွန်အသုံးဝင်ပါတယ်

Third party patterns များကြောင့် သူက Gtalk လိုပဲ

လိုင်းနည်းနည်းနဲ့ ချတ်လို့ရပါတယ်

ထို့အပြင်ကောင်းမွန်တာက မိမိနှစ်သက်ရာ အစီအစဉ်ကို

ရွေးချယ်ထည့်ထားနိုင်ပြီး Rss ကဏ္ဍ ကလဲ အသုံးပြုသူအတွက်အစဉ်ပြေစေပါတယ်

ဥပမာ ( ဧဒင်မှ Blog တစ်ပုဒ်တင်ထားလို့ မိမိဘလော့ ကော့မက်နေရာမှ Rss လွင့်လိုက်တာနဲ့ နောက်ထပ် လာသမျှသော ကော့မက်အသစ်များအားလုံးကို မိမိ အကောင့်ထဲမှ ဖတ်နိင်သလို Facebook မှအစ မိမိ ထည့်သွင်းလိုတာ ထည့်သွင်းနိုင်ပြီး အားလုံး ထိုစာမျက်နှာမှာပင် ထိုင်ကြည့်နေလို့ရပါတယ် )

ကျွန်တော် Gmail ၊ Gtalk နဲ့ ပတ်သက်ပြီး

ဆောင်ရန်ရှောင်ရန်အားလုံးကို ရေးသားလက်စနဲ့

ယခုမသိသေးသူများရှိခဲ့ပါက သိစေချင်လို့တစ်ဆက်တည်း ရေးတင်ပေးလိုက်တာပါ

မြန်မာပြည်က သူငယ်ချင်းတွေ အတွက်တော့ အစဉ်ပြေမယ်လို့ ယုံကြည်ပါတယ် ။

အဆင့်ဆင့်ကိုဖော်ပြပေးလိုက်ပါတယ် ။

ပထမဆုံး Address Bar လို့ခေါ်တဲ့ အင်တာနက် Browser က လိပ်စာရိုက်ဖြည့်တဲ့နေရာမှာ

www.google.com/ig
ဆိုတာ ရေးဖြည့်ပါ

မဟုတ်ပါကလည်း igoogle ဟု ရိုက်ဖြည့်နိုင်ပါတယ် ။

ပြီးပါက အောက်ပါ စာမျက်နှာ အတိုင်း ကျလာပါလိမ့်မယ်





အနီဝိုင်းပြထားသောနေရာမှာ ကလစ်ပါက Gmail အတိုင်း Account နဲ့ Password ရိုက်ရန် စာမျက်နှာ ကျလာပါလိမ့်မယ် ထိုသို့ gmail အတိုင်း Sign in လုပ်ပြီးပါက အသုံးဝင်သော igoogle စာမျက်နှာအားအောက်အတိုင်းတွေ့ရပါလိမ့်မယ်ခင်ဗျာ


ဒါက အင်တာနက် လိုင်းနှေးတဲ့ နေရာများမှာ အားလုံး တစ်ပြိုင်တည်း သုံးနိုင်တဲ့ igoogle စာမျက်နှာဖြစ်ပါတယ်

သုံးရလွယ်ကူသလို ချတ်ရတာလဲ အဆင်ပြေပါလိမ့်မယ်

ကျွန်တော် အင်တာနက် သုံးခဲ့တဲ့ သက်တမ်း 10 နှစ်တာ နီးပါး အတွင်းမှာ

သိခဲ့ရတဲ့ အတွေ့အကြုံအပါအဝင် နိုင်ငံတစ်ကာရဲ့ ဝေဖန်မှု့တွေ အားလုံးကို

လေ့လာ ဖတ်ရှု့ခဲ့ဘူးပါတယ် ၊အတွေ့ကြုံနဲ့လိုက်ပြီးလည်း ဖော်ပြပေးခဲ့ပါတယ် ။




Google နဲ့ ပတ်သက်ပြီး ကြော်ငြာချက် Policy အားလုံးကို

Gooogle Offical Blog မှာ မည်သူမဆိုလေ့လာနိုင်ပြီး နိုင်ငံတကာက ဝေဖန်သံ ချီးကျူးသံအားလုံး

လိုအပ်ချက် နဲ့ အခက်ခဲ့များ အားလုံး ဖတ်ရှု့နိုင်ပါတယ်

အောက်မှာ google blog ပုံကိုပါ ဖော်ပြပေးလိုက်ပါတယ်


လိပ်စာက


ထိုဘလော့မှာ Gmail နဲ့ ပတ်သက်ပြီး အားလုံး သိနိုင်သလို

အမှားမှန်လည်း ဝေဖန်ခွင့်ရှိပါတယ်

--------------------------------------------------------------------------


နောက်ဆုံးတစ်ခုက မည်သူ မဆို အများဖတ်ရှု့တဲ့ စာတစ်ပုဒ်ဖြစ်လာဖို့

မိမိကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှသာ ရေးသား တင်တာဟာ

အကောင်းဆုံး ပါ

Gmail နဲ့ ပတ်သက်လို့ ယနေ့ အထိ မြောက်များစွာ ဖြစ်ပေါ်နေတဲ့

ပြဿနာတွေနဲ့ ထင်မြင်ချက်တွေကို တိတိကျကျ မသိသေးသူများအတွက်

ကျွန်တော် အတတ်နိုင်ဆုံး ဘာသာပြန်တင်ပြပေးလိုက်ပါတယ်

အစစ အဆင်ပြေချောမွေ့ပါစေ


ဤဘလော့အား

ကူးယူ၍ ဖြစ်စေ ၊ Share ၍ဖြစ်စေ သူငယ်ချင်းများအား လက်ဆင့်ကမ်းနိုင်သလို

မည်သည့် ဆိုဒ်အတွက်မဆို အသုံးပြုနိုင်ပါတယ်ခင်ဗျာ



လေးစားလျှက်

KOMYO

No comments:

Post a Comment